Watch Tokyo Hot' အမည်ဖြင့် ညစ်ညမ်းဗီဒီယိုကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာတစ်လုံးမှ ထုတ်လွှင့်ခဲ့ကြောင်း


_________________________________________________________

 အီလက်ထရောနစ် ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုမှာ လူအသွားအလာများချိန် အဖော်အချွတ်များဖြင့် ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာခဲ့မှုကြောင့် ရဲတပ်ဖွဲ့နဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ 

အင်င်ဒိုနီးရှားနိုင်ငံဂျကာတာရဲ့ အဓိက လမ်းမကြီးတစ်ခုမှာ ယနေ့ (အောက်တိုဘာ ၁ ရက်) အသွားအလာ များပြားနေချိန်အတွင်း ကြော်ငြာဆိုင်းဘုတ်ကနေ ညစ်ညမ်းဗီဒီယို ပေါ်လာခဲ့ပြီး သွားလာနေသူများ အံ့အားသင့်ခဲ့ရပါတယ်။ ကြော်ငြာဆိုင်းဘုတ်မှာ ညစ်ညမ်းဗီဒီယို ပေါ်လာခဲ့ကြောင်းကို hashtag #videotron ဖြင့် ဆိုရှယ်မီဒီယာများ ပြောဆိုမှုအများအပြား လျင်မြန်စွာ ရှိလာခဲ့ပါတယ်။အများပြည်သူမြင်ကွင်းမှ ကြော်ငြာဆိုင်းဘုတ်မှာ ညစ်ညမ်းဗီဒီယို ပြသခဲ့မှုကို မည်သူက ပြုလုပ်ခဲ့ကြောင်း ဂျကာတာမြို့ခံတွေက သိချင်နေကြပါတယ်။ အဆိုပါ အီလက်ထရောနစ် ကြော်ငြာဆိုင်းဘုတ်မှာ ထုတ်လွှင့်ပြသမှုတွေကို တောင်ပိုင်းဂျကာတာ မြို့တော်ဝန်ရုံးမှ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။


ကြီးမားတဲ့ ကြော်ငြာဆိုင်းဘုတ် 'Watch Tokyo Hot' အမည်ဖြင့် ညစ်ညမ်းဗီဒီယိုကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာတစ်လုံးမှ ထုတ်လွှင့်ခဲ့ကြောင်း သုံးသပ်ထားပါတယ်။ ရဲတပ်ဖွဲ့က ကြော်ငြာဆိုင်းဘုတ်မှာ ညစ်ညမ်းဗီဒီယို ထုတ်လွှင့်ခဲ့သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။
မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံ စတဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ထားပြီး ရုပ်မြင်သံကြား ထုတ်လွှင်မှုမှာလည်း ချစ်ခန်းကြိုက်ခန်းတွေကို မှုန်းဝါးခြင်း သို့မဟုတ် ဆင်ဆာဖြတ်တောက်ခြင်းတို့ကို တင်းကျပ်စွာ ပြုလုပ်ထားပါတယ်။ နောက်ဆုံး သတင်းအရ ရဲတပ်ဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းစစ်ဆေးနေကြောင်း သိရပါတယ်။
Source & Photo:
Duwun