Breaking News

လူအလောင်းမီးသင်္ဂြိုဟ်မှု့ပြုလုပ်ရသောအခါ မိးသင်္ဂြိုဟ်ဖိုထဲ ထည့်ပြီးပစ်ထား၍မရပါ


Loading...

 အချိန်အနည်းငယ်ကြာလျှင် အလောင်းအား ထိုးဆွပေးရပါသည်။


7-10-2016
⭕⭕⭕⭕
ယနေ့ နေ့လည်(၁)နာရီအချိန်၌ မိုးညှင်းမီးသင်္ဂြိုဟ်စက် သို့လာရောက်ပို့ဆောင်သော အရှေ့စုရပ်ကွက်မှ ကိစ္စတစ်ခုမှ အခေါင်းအတွင်း၌ ပုံပါအတိုင်းဂက်စ်ဘူးတစ်ခုပါဝင်လာပါသည်။
လူအလောင်းမီးသင်္ဂြိုဟ်မှု့ပြုလုပ်ရသောအခါ မိးသင်္ဂြိုဟ်ဖိုထဲ ထည့်ပြီးပစ်ထား၍မရပါ အချိန်အနည်းငယ်ကြာလျှင် အလောင်းအား ထိုးဆွပေးရပါသည်။
ထိုးဆွချိန်၌ ဂက်စ်ဘူး ထပေါက်ကွဲပါက လူအားအန္တရယ်ရှိပါသည်။
ယနေ့ ခေါင်းအတွင်း၌ပါလာသော ဂက်စ်ဘူး ပေါက်ကွဲအားအလွန်ပြင်းထန်ပါသောကြောင့် မိဘပြည်သူများအနေဖြင့် ခေါင်းအတွင်း၌ ပေါက်ကွဲစေတတ်သော ဂက်စ်မီးခြစ်များ ရေမွှေးပုလင်းများ ဂက်စ်ပါသောဘူးများအား မထည့်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

 Nyi Nyi Myint  ↪Lwin Oo
#MyMedia
Loading...