Breaking News


သမီးငယ်ကို သံကြိုးနဲ့သော့ခတ်ပြီး အပြစ်ပေးတဲ့မိခင်ကြောင့် မြင်ရသူတွေစိတ်မချမ်းသာ


Loading...


သမီးငယ်ကို အပြစ်ပေးတဲ့အနေနဲ့ လမ်းဘေးမှာ သံကြိုးနဲ့ချည်ပြီးသော့ခတ်တဲ့ မိခင်ကြောင့် မြင်ရသူတွေအဖို့မှာ စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။
အသက် ၃၀ အရွယ် မလေးရှားမိခင်ဟာ သူမရဲ့အသက် ၈ နှစ်အရွယ် သမီးကို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျောင်းမသွားချင်တဲ့သမီးကို ခုလိုမျိုး အပြစ်ပေးထားတာဖြစ်ကြောင်း သူမက ပြောပါတယ်။
ကျောင်းဝတ်စုံလေးနဲ့ ခြေကျင်းဝတ်ကို သံကြိုးခတ်ခံထားရတဲ့ ကလေးငယ်ရဲ့ သနားစဖွယ်ပုံရိပ်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် အမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်။
Source : Star Online
Duwun
Loading...