Breaking News

အမျိုးသားတစ်ဦး လိင်အင်္ဂါမှာ စွပ်ထားမိတဲ့ ကွင်းကို ပြန်ချွတ်လို့မရတာကြောင့် အရေးပေါ်ခန်းထဲရောက်ခဲ့


Loading...
အမျိုးသားတွေအနေနဲ့ တိုလီမိုလီဘာညာ ဆင်မြန်းကြတယ်ဆိုပေမယ့် လိင်အင်္ဂါမှာ လက်စွပ်လို ကွင်းမျိုးစွပ်တာတော့ ကြာဖူးကြမှာ မဟုတ်ပါဘူး။ ခုပြောပြမယ့်အကြောင်းကတော့ လိင်တံမှာ ကွင်းတစ်ခုကို စွပ်မိရာကနေ နှစ်ရက်ကြာသည့်တိုင် ပြန်ချွတ်လို့မရတော့တာကြောင့် ဆေးရုံရောက်သွားတဲ့ အမျိုးသားတစ်ဦးအကြောင်းပါ။ 
အဲ့ဒီယောက်ျားဂုဏ်ရည်ကယ်တင်နိုင်ရေး အနုစိတ်ခွဲစိတ်စစ်ဆင်ရေး ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Weibo ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အဆိုပါပို့စ်အရ ကယ်ဆယ်ရေးအဖွဲ့ဟာ စက်တင်ဘာ ၁၃ ရက်နေ့ မနက်အစောကြီး Liuzhou မြို့ ဆေးရုံတစ်ခုမှာ အလုပ်များနေခဲ့ကြောင်း သိရပါတယ်။ အထူးပစ္စည်း ကိရိယာတွေနဲ့အတူ ဆရာဝန်တွေရော၊ မီးသတ်သမားတွေကပါ အဲ့ဒီကွင်းကို ဖြုတ်ယူဖို့  အချိန်ကြာမြင့်စွာ ခက်ခက်ခဲခဲကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။
မိနစ် ၉၀ အကြာမှာတော့ အဲ့ဒီကွင်းလေးပြတ်သွားခဲ့ပါတယ်။ ဘာကြောင့် ဒီအမျိုးသား သူ့လိင်အင်္ဂါမှာ ဒီလိုကွင်းမျိုးစွပ်ဖို့ ဆုံးဖြတ်သလဲဆိုတာကိုတော့  ရှင်းရှင်းလင်းလင်း မသိရပါဘူး။ "စွပ်တုန်းကရော ဘယ်လိုစွပ်ခဲ့သလဲ သိချင်တယ်" လို့ Weibo သုံးစွဲသူတစ်ဦးက အံ့သြစွာ မေးမြန်းခဲ့ပါတယ်။
နောက်ထပ် Weibo သုံစွဲသူတစ်ဦးကတော့  "မိနစ် ၉၀ ကြာပြီး နောက်ဆုံးမှာတော့ မီးသတ်သမားတွေ ဖြတ်ထုတ်လိုက်ပါတယ်…. ..... ကွင်းလေးတစ်ကွင်းကို" ဆိုပြီးတော့ နောက်ပြောင်ခဲ့ပါသေးတယ်။
Ref: Shanghaiist 
Trend Myanmar
Loading...