Breaking News


သားကောင်ကို တူမီးသေနတ်ဖြင့် ထောင်ချောက်ဆင်ထားစဉ် ဇနီးဖြစ်သူ ထောင်ချောက်မိသေဆုံး


Loading...


လယ်ကွင်းထဲသို့ ၀င် ရောက်သည့်သားကောင်ကို ဖမ်း ဆီးရန် တူမီးသေနတ်ဖြင့် ထောင် ချောက်ဆင်ထားရာမှ ဇနီးဖြစ်သူ ထောင်ချောက်မိကာ ကျည်ဆန် ထိမှန်သေဆုံးမှု ဂန့်ဂေါခရိုင် ကျောက်ထုမြို့နယ်ခွဲတွင်အောက် တိုဘာ ၂ ရက်က ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ကျောက်ထုမြို့ တောင်ဘက် လေးမိုင်ခန့်အကွာ ထန်းဘို တောင်အနီးတွင် ဖြစ်ပွားခဲ့ပြီး ထောင်ချောက်ဆင်ခဲ့သူနှင့် ကျည် ဆန်ထိမှန်သေဆုံးခဲ့သူ ဇနီးတို့ သည် တောထဲ၌ တောင်ယာ လုပ်ကိုင်နေထိုင်ကြသူများ ဖြစ် ကြောင်း ဂန့်ဂေါခရိုင်မှ သိရသည်။

ခင်ပွန်းဖြစ်သူ အသက် (၄၀) အရွယ် အမျိုးသားသည်၎င်း တို့စိုက်ပျိုးထားသော လယ်စိုက် ခင်းအတွင်းသို့ သားကောင်ဝင် ရောက်သည့် အခြေအနေများကို တွေ့ရှိခဲ့သဖြင့် လယ်ကွင်း တောင်ဘက် သုံးဖာလုံခန့်အကွာ တွင် သားကောင် ဖမ်းဆီးနိုင်ရန် တူမီးသေနတ် အသုံးပြုကာ အောက်တိုဘာ ၁ ရက်၌ ထောင် ချောက်ဆင်ထားခဲ့သည်။အောက် တိုဘာ ၂ ရက် ညနေတွင် တော ထဲသို့ မျှစ်ချိုးရန်သွားရောက်ခဲ့ သည့် အသက် (၄၁) နှစ်အရွယ် ဇနီးဖြစ်သူသည် ထောင်ချောက် ခလုတ်ကို တိုက်မိကာ သေနတ် ကျည်ဆန် ထိမှန်ခဲ့ကြောင်း ဂန့် ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာ ရှိတစ်ဦးကပြောသည်။

ခင်ပွန်းသည်က သေနတ် သံကြားသဖြင့် သားကောင်မိပြီ ထင်၍ သွားရောက်ကြည့်ရှုစဉ် ဇနီးသည် သေနတ်ဒဏ်ရာဖြင့် လဲကျနေခြင်းကို တွေ့ရှိခဲ့ရပြီး နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ အကြောင်းကြားခဲ့ရာ ထိုမှ တစ်ဆင့် ကျောက်ထုရဲတပ်ဖွဲ့ စခန်းသို့ အကြောင်းကြားခဲ့သည် ဟုဆိုသည်။

လည်ပင်း အောက်ဘက် ရင်ဘတ်တွင် သေနတ်ဒဏ်ရာရရှိ ခဲ့သော ဇနီးအား ကျောက်ထု တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ ပြီး  ခွဲစိတ်ကုသရန်လိုအပ်ချက်အ ရ ချင်းပြည်နယ် မင်းတပ်မြို့ ပြည် သူ့ဆေးရုံသို့ ထပ်မံလွှဲပြောင်း ကုသနေစဉ် သေဆုံးသွားကြောင်း တာဝန်ရှိရဲအရာရှိတစ်ဦးကပြော ကြားသည်။

တရားမ၀င်လက်နက်ကိုင် ဆောင်သူ အမျိုးသားကို ကျောက် ထု ရဲတပ်ဖွဲ့စခန်းက (ပ) ၆၉/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၄) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် နေကြောင်း သတင်းရရှိသည်။
7daydaily
Loading...