Breaking News


လက်ကိုင်ဖုန်း ဝယ်ပေးမယ်ဆိုပြီး သားမယားပြုကျင့်မှုဖြစ်


Loading...



အောက်တိုဘာလ ၂၀ ရက်နေ့က လသာမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးကို လက်ကိုင်ဖုန်းဝယ်ပေးမယ်ဆိုပြီး သားမယားပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လသာမြို့နယ်မှာနေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ညနေ ၄ နာရီခွဲလောက်မှာ အိမ်အကူလုပ်ဖို့ ခေါ်ထားတဲ့ အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်ကို လမ်းထဲမှာနေတဲ့ မိတ်ဆွေတစ်ဦးဆီက ခေါင်းလျှော်ရည်ဘူး သွားယူခိုင်းခဲ့ရာမှာ ပြန်ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။
ညနေ ၆ နာရီအချိန်ထိ ပြန်လည်ရောက်မလာလို့ လိုက်လံရှာဖွေခဲ့ပြီး ညနေ ၆ နာရီခွဲလောက်မှာ ၂၃ လမ်းထဲမှာ အိမ်အကူ မိန်းကလေးကို ပြန်တွေ့လို့ မေးမြန်းခဲ့ရာမှာ ခေါင်းလျှော်ရည်ဘူး သွားယူတုန်းမှာ လူမြင်ရင်မှတ်မိတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက လက်ကိုင်ဖုန်းဝယ်ပေးမယ်ပြောပြီး ၂၁ လမ်းက တည်းခိုခန်းသို့ခေါ်ယူကာ သားမယားပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အိမ်အကူမိန်းကလေးငယ်ရဲ့ အိမ်ရှင်အမျိုးသမီးက အရေးယူပေးဖို့ တိုင်ကြားခဲ့လို့ လသာမြို့မရဲစခန်းက (ပ)၂၀၂/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃/၃၇၆ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Source : MMTimes
Loading...