Breaking News

အ.ထ.က (၂) အင်းစိန်မှ ဆဌမတန်းကျောင်းသားကို ကျောင်းဆင်ချိန်၌ လူတစ်ဦးက ခိုးယူ ခေါ်ဆောင်သွားသော်လည်း ကလေးမှာ ပြန်လည် လွတ်မြောက်လာ




Loading...
----------------------------


အ.ထ.က (၂) အင်းစိန်မှ ဆဌမတန်းကျောင်းသားကို ကျောင်းဆင်ချိန်၌ လူတစ်ဦးက ခိုးယူ ခေါ်ဆောင်သွားသော်လည်း ကလေးမှာ ပြန်လည် လွတ်မြောက်လာ
`သူငယ်ချင်းတွေ ဆရာ ဆရာမတွေ မိဘတွေ လက်လှမ်းမီသလောက် သတိပေးရတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကလေးတွေအတွက် စိတ်ပူလို့´
ကလေးသူခိုးကိစ္စကလည်း စိတ်မအေးရပြန်ဘူး။ ငါတို့အင်းစိန်မှာ တောင်လာခိုးရဲတယ်။ မမိလို့မိရင်အသေဘဲ။

နာမည်ကြီးစာတော်တဲ့ ကျောင်း အထက၂အင်းစိန်မှာ ကျောင်းတက်နေတဲ့
မောင်ယောရှု ဆဌမတန်း က ကျောင်းသားဘုရားကယ်လို့အိမ်ပြန်ရောက်လာတယ် သူကိုမေးတော့သူကပြောပြတယ်ကျောင်းဆင်းချိန်မှာကျောင်းသားတွေနဲ့ရှုပ်နေတဲ့အချိန်မှာအသက်ကြီးပိုင်းလူတစ်ယောက်ကလက်ဆွဲပြီးခေါ်သွားတယ်။ဘာလို့မအော်လဲမေးတော့သူဘာမှမသိဘူးလို့ပြောတယ်။သူ့လက်ကိုကြည့်တော့လက်မှာအပ်ပေါက်လေးနဲ့အဲ့ဒီအပ်ကသူ့လက်ထဲကိုသေချာမဝင်တော့သိပ်ပြီးဆေးရဲ့effectကိုမခံရလိုက်ဘူး ခဏကြာတော့သတိပြန်လည်ပြီးရှုန်းပြီးပြေးလာပြီးအိမ်မှာလာငိုနေတယ်။


ကျောင်းကကျောင်းအုပ်ဆရာမကြီးနဲ့အတူဆရာမ၅ယောက်အိမ်လာပြီးvideoရိုက်ပြီးပညာရေးမူး နဲ့အတူရဲ့စခန်းကိုပါအကြောင်းကြားမယ်လိုပြောတယ်။အဲ့ဒါကြောင့်အင်းစိန်တဝိုက်မှာတောင်လာခိုးနေပြီဆိုတာကိုပြောပြတာပါ။ကျောင်းတိုင်းလဲကလေးတွေကိုသတိထားကာကွယ်နိုင်အောင်ဒီpostကိုတင်ပေးလိုက်ပါတယ်။အဲ့ဒီကောင်လေးကအိမ်ကဘော်ဒါဆောင်မှနေပြီးကျောင်းတက်နေတာပါ လို့ facebook သုံးစွဲသူတစ်ဦးမှ သတိပေးထားခဲ့ပါတယ်။

Loading...