Breaking News


မောင်တောမှာ လဝကဝန်ထမ်းတွေကိုလည်း လက်နက်တပ်ဆင်ပေးထား


Loading...

မောင်တောမှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင် လဝကဝန်ထမ်းတွေကိုလည်း လက်နက်တွေတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ် တစ်ခုလုံးက လဝကဝန်ထမ်းတွေကို လက်နက်ပေးကိုင်ထားတာ မဟုတ်ဘဲ  သက်ဆိုင်ရာနယ်မြေ လုံခြုံရေးရဲတပ်ဖွဲ့တွေ တစ်ခုခုဖြစ်ရင် ကာကွယ်ဖို့ ပေးထားတဲ့ သဘောဖြစ်ကာ လဝကဝန်ထမ်းတွေလည်း စစ်ပညာသင်ကြားထားဖူးတဲ့သူတွေ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားထားတာ ဖြစ်ပါတယ်။
တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ  နယ်မြေရှင်းလင်းရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ တပ်မတော်အရာရှိတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
Photos & Source: 7Day Daily, စိုင်းဇော်, DVB
Loading...