Breaking News

အမျိုးသမီးငယ်တစ်ဦးကို ဓားနဲ့ထိုးပြီး ကားပေါ်မှပစ်ချခဲ့မှုဖြစ်ပွား




Loading...
----------------------------



ယနေ့ (အောက်တိုဘာ ၂၂ ရက်) မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ထဲမှာ အမျိုးသမီးငယ်တစ်ဦးကို ဓားနဲ့ထိုးပြီး ကားပေါ်က ပစ်ချခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ ညောင်ပင်မှတ်တိုင်က ယမုံနာလမ်းသွယ်ထဲမှာ အမျိုးသမီးငယ်တစ်ဦး လမ်းဘေးမှာ ဓားဒဏ်ရာတွေနဲ့ လဲနေတာကို အနီးဝန်းကျင်ရှိ ဆီဆိုင်က၀န်ထမ်းတွေက တွေ့ရှိခဲ့ကြတာပါ။

 အမျိုးသမီးငယ်ကို တွေ့ရှိခဲ့တဲ့ ရတနာဆီဆိုင်ဝန်ထမ်းတွေက ပုလဲမြို့အရန်မီးသတ်ကို အကြောင်းကြားခဲ့ကြပါတယ်။ ပစ်ချခံထားရတဲ့ အမျိုးသမီးရဲ့ လည်ပင်းမှာ ဓားဒဏ်ရာ နှစ်ချက်၊ ဘယ်လက်မှာ ဓားဒဏ်ရာ နှစ်ချက် တွေ့ရှိရပြီး ခေါင်းမှာလည်း ရိုက်နှက်ခံထားရတာ တွေ့ရပါတယ်။
ပုလဲမြို့အရန်မီးသတ်က ယင်းအမျိုးသမီးကို မြောက်ဥက္ကလာမြို့နယ်ရှိ မေဓာဝီဆေးရုံကို တင်ပို့ပေးထားတယ်လို့လည်း သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် မစန္ဒာလွင်ဟာ မြောက်ဒဂုံမြို့နယ် (၃၃)ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ခင်ပွန်းနဲ့စိတ်ဆိုးစကားများပြီး ဆရာစံလမ်းအတိုင်း တစ်ယောက်တည်း လျှောက်လာစဉ်မှာ အမျိုးသားတစ်ဦးက ကားပေါ်ကို အတင်းအကျယ်ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ လက်ရှိအချိန်ထိတော့ သူမကို ဆေးရုံမှာ တင်ထားရဆဲပါပဲ။
Source : 7Day Daily
Loading...