Breaking News

မွန်ပြည်နယ်တွင် လူသတ်မှုဖြစ်ပွား


Loading...

မွန်ပြည်နယ်။ မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရပ်ကွက် ကမ်းနားထိပ်တဲအတွင်း သွေးအိုင်ထဲ၌လူတစ်ဦး လဲကျနေကြောင်းသတင်းအရ စက်မှုဇုန်နယ်မြေရဲစခန်းမှူး ရဲအုပ်လွင်လွင်ထွန်း ဒုရဲအုပ်မင်းလွင်နှင့်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်သို့သွားရောက် စုံစမ်းရာ သေဆုံးသူမှာလည်ပင်းအား ဓါးဖြင့်ထိုးခံရပြီးလဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း 



။သေဆုံးသူမှာ ရွှေမြိုင်သီရိရပ်နေ ဦးဝင်းနိုင် ဆိုသူဖြစ်ကြောင်း သိရှိရပြီးဆက်လက်စုံစမ်းခဲ့ရာ ကျူးလွန်သူမှာ ညောင်ပင်ဆိပ်ရပ်ကွက်နေ ဦးခင်မောင်မြင့် ဖြစ်ကြောင်းစစ်ဆေးသိရ၍ လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံ ဓါးနှင့်အတူ ( ၁ )နာရီအတွင်း ဖမ်းဆီးရမိသဖြင့် စက်မှုဇုန်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ. ၃၀၂ ဖြင့် အရေးယူထားရှိပါကြောင်း သတင်းရရှိသည်။
Credit Zaw Nan
Loading...