Breaking News


ချိန်းဆိုရာ တည်းခိုခန်းတွင် နှစ်လခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်


Loading...
Viber မှတဆင့် ချစ်ကျွမ်းဝင်ခဲ့သူနှင့် အတူပေါင်းသင်းနေထိုင်သူအမျိုးသမီး ကိုယ်ဝန် ၈ လရမှ ကာမလိမ်လည်ခံရမှန်းသိ
Viber မှတဆင့် ချစ်ကျွမ်းဝင်ခဲ့သူနှင့် အတူပေါင်းသင်းနေထိုင်သူ
အမျိုးသမီး ကိုယ်ဝန် ၈ လရမှ ကာမလိမ်လည်ခံရမှန်းသိ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ငါးလာချောင်းကျေး
ရွာအုပ်စုအတွင်း (Viber) အသုံးပြုရာမှ ခင်မင်ရင်းနှီးခဲ့ပြီး လူပျို
ဟုပြောဆိုခြင်းအရ အိမ်ထောင်မရှိသူဟု ယုံကြည်ကာ အမည်မသိ အမျိုးသားတဦးနှင့် ချစ်ကြိုက်ပြီး ချိန်းဆိုရာ တည်းခိုခန်းတွင် နှစ်လခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ရာမှ ကိုယ်ဝန် ၈ လရှိချိန်ကျမှပင် အိမ်ထောင်ရှိသူဟု သိရှိရသောကြောင့် တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရသည့် ဖြစ်စဉ်တခု အောက်တိုဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ မနွေမာ(ခ)စိုးစိုး အသက် (၂၁)နှစ် (ဘ) ဦးမြင့်နိုင် ဒုတိယနှစ် (မြန်မာစာ) ငါးလာချောင်းကျေးရွာ တိုက်ကြီးမြို့နေသူသည် Internet (VIBER) အသုံးပြုရာမှ အမည်မသိတဦးနှင့် သိကျွမ်းရင်းနှီးရာက ချစ်ကျွမ်းဝင်ခဲ့ရပြီးနောက်မှ စိုးမင်းထွန်း (၄၀)နှစ် (ဘ) ဦးခင်သိန်း လယ်လုပ် ငါးလာချောင်းကျေးရွာ တိုက်ကြီးမြို့နေသူဟု သိရှိရကာ လူချင်းတွေ့ဆုံစဉ် အိမ်ထောင်မရှိသူ လူပျိုဟု ပြောဆိုသည်ကို မနွေမာက ယုံကြည်မိပြီး ゞင်း၏ ချိန်းဆိုရာ တိုက်ကြီးမြို့နယ်ရှိ အောင်ပြည့်စုံ တည်းခိုခန်းတွင် နှစ်လခန့် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း၊
တိုက်ကြီးမြို့နယ်ရှိ မမွန်မ၏ အိမ်ခန်းတွင် နှစ်လခန့် ဆက်လက်ပေါင်း
သင်းနေထိုင်ခြင်းများအပြင် ကြုံသလို တွေ့ဆုံပြောင်းရွှေ့နေထိုင်ခဲ့ရာက ကိုယ်ဝန် ၈ လ ရရှိခဲ့သည့် အချိန်တွင် အစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဇော် (၃၁)နှစ် (ဘ)ဦးမောင်မောင် တရွာတည်းနေသူနှင့် ဆုံတွေ့ခဲ့ကြပြီး စိုးမင်းထွန်းတွင် တရားဝင်အိမ်ထောင်ရှိကြောင်း ပြောဆိုရာမှ လူပျိုမဟုတ်ကြောင်း သိရှိသွားခဲ့ရကာ အိမ်ထောင်ရှိပါလျက် လင်မယားအဖြစ် ခိုးယူပေါင်းသင်းသူ စိုးမင်းထွန်း (၄၀)နှစ် (ဘ) ဦးခင်သိန်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရန် မနွေမာ (ခ)မစိုးစိုးက တရားလိုပြုလုပ်တိုင်ကြားလာသဖြင့်
ဒုရဲအုပ်စိုးမြင့်ခိုင်မှ အမှုစစ်အဖြစ် ဆောင်ရွက်ကာ (ပ)၃၆၇/၂၀၁၆ တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၇)အရ တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်နေသည်ဟု သတင်းရရှိသည်။
Credit - Ko Gyi Maung

Loading...