၁၀ တန်းကျောင်းသူအား ဘော်ဒါဆရာ မှ မညှာမတာ ရိုက်ဆုံးမ၍ ဒဏ်ရာများရ


_________________________________________________________
၁၀ တန်းကျောင်းသူအား ဘော်ဒါဆရာ မှ မညှာမတာ ရိုက်ဆုံးမ၍ ဒဏ်ရာများရ
ဖြူးမြို့ပဲခူးလမ်းတောင်ပိုင်း တာကြားရပ်ကွက်တွင်
ဖွင့်လှစ်ထားသော သြဘာဘော်ဒါမှ ဆရာသြဘာသည်
ကျောင်းပျက်သျောကျာင်းသူတစ်ဦးကို ဝါးခြမ်းစိမ်းပြား
ရေစိမ်ပြီး ခြေသလုံးအား ၅ ချက်ရိုက်ရာ မခံနိုင်၍
လဲကြသွားရာ ဟန်ဆောင်သည်ဟုဆိုပြီး နောက်ထပ်
၂ ချက်ထပ်မံရိုက်ခဲ့သဖြင့် ကျောင်းသူကလေးမှာ
လမ်းမလျှောက်နိုင်ရှာဘဲ အိမ်သို့ညစာထမင်းပြန်
မစားနိုင်၍ အဆောင်မှာပင်ပိပ်ခဲ့ပြီး နောက်နေ့
အိမ်သို့ပြန်ရာ ဘကြီးဖြစ်သူမှ သိရ၍ သူမမိခင်ထံ
အကြောင်းကြားပြီးပြောဆိုသိရသဖြင့်
ဘော်ဒါဆရာကို အုက်ချုပ်ရေးမှုးအိမ်ခေါ်ကာတွေ့ဆုံခဲ့ရာ
ဆရာတစ်ဦးအနေဖြင့်ရိုက်ပိုင်ခွင့်ရှိကြောင်း
မတောင်းပန်နိုင်ကြောင်းေုပာဆိုသဖြင့် ၃ရက်မြောက်
နေ့မှရဲစခန်းသို့တိုင်ကြားခြင်းဖြစ်ကြောင်းမိခင်ဖြစ်သူမှ
ပြောဆိုသည်




ဆက်လက်၍ သူမသည် သမီးပညာရေးအတွက်
သြဘာဘော်ဒါတွင်(စာသင် စာကျက် ညအိပ်)
တစ်နှစ်စာ ၅ သိန်းကျပ်ဖြင့်အပ်နှံထားကြောင်း
ယခုလို မညှာမတာ ဒဏ်ရာရအောင် ဆုံးမရန်
မလိုအပ်ကြောင်း တောင်းပန်ခဲ့ရင်တောင်
ကျေနပ်နိုင်မည်ဖြစ်သော်လည်း မတောင်းပန်နိုင်ကြောင်း
သိရှိရ၍ ရဲစခန်းတွင် တိုင်ကြားရခြင်းဖြစ်ကြောင်း
ကျောင်းသူ၏မိခင် ဒေါ်မေသဇင်းနှင်း ကပြောဆိုခဲ့သည်
Soe Thet Aung ↪Lwin Oo