Breaking News


ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ ဓားထိုးခံရ


Loading...

တက္ကသိုလ်ကျောင်းသူဟာ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့ရာက ဓားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသူဟာ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့ရာက ဓားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့တဲ့ ကျောင်းသူတစ်ဦး ဓားထိုးခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ခါဒီဇာဘီဂမ် အမည်ရှိ တက္ကသိုလ်ကျောင်းသူဟာ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်ခဲ့ရာက Murari Chand University College မှာ တနင်္လာနေ့ (အောက်တိုဘာ ၃ ရက်) က ဓားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။


ခါဒီဇာဘီဂမ်ဟာ တက္ကသိုလ်ကျောင်းမှာ စာမေးပွဲခန်းမှ ထွက်လာချိန်မှာ ဓားထိုးခံခဲ့ရတာလို့ ဆိုပါတယ်။ သူမကို ဒါကာမြို့ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရကြောင်း သိရပါတယ်။ခါဒီဇာဘီဂမ်ကို ဓားဖြင့်ထိုးခဲ့သူ အလမ်အမည်ရှိ အမျိုးသားမှာ ဘင်္ဂလားဒေ့ရှ် အာဏာရ နိုင်ငံရေးပါတီ အာဝါမီလိဂ်နဲ့ ပူးပေါင်းထားတဲ့ ကျောင်းသားအုပ်စု ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ၎င်းကို တက္ကသိုလ်က ပညာသင်ကြားမှု ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။အဆိုပါကျောင်းသူ ဓားထိုးခံရမှုအပေါ် ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက အောက်တိုဘာ ၄ ရက်မှာ စုရုံးဆန္ဒပြကာ တက္ကသိုလ်နဲ့ကောလိပ်များမှာ လုံခြုံရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။


ယခုဖြစ်ရပ်ဟာ လတ်တလော လပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသားတစ်ဦးရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်သူ အမျိုးသမီး တိုက်ခိုက်ခံရတဲ့ စတုတ္ထမြောက် ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အစောပိုင်း ဖြစ်ရပ်သုံးခုမှ တိုက်ခိုက်ခံရသူ အမျိုးသမီးသုံးဦးလုံး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ 
Source & Photo: BBC
Duwun
Loading...