Breaking News


ဖောက်ပြန်တဲ့ ခင်ပွန်းနဲ့ အမျိုးသမီးကို အတွင်းခံအဝတ်အစားများနှင့် လက်ပူးလက်ကြပ်ဖမ်းခဲ့သည့် ဇနီးသည်


Loading...

ခင်ပွန်းသည်နဲ့ အခြားအမျိုးသမီးတစ်ဦး ငြိစွန်းနေတာကို သိသွားတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ မိသားစု တစ်ခုလုံးကို ခေါ်ယူပြီး အမိဖမ်းနိုင်ခဲ့ပါတယ်။



လူမှုကွန်ယက်ပေါ် ပေါက်ကြားလာတဲ့ ဗီဒီဒီယိုဖိုင်အရ အဆိုပါဇနီးသည်ဟာ ခင်ပွန်းနဲ့ ဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးကို မေးခွန်းတွေဆက်တိုက်မေးမြန်းနေခဲ့တာတွေ့ရပါတယ်။ အခြားတစ်ယောက်က ကုတင်စွန်းမှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ ခေါင်းကို ရိုက်ပုပ်နေခဲ့တာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပြန်ပါတယ်။ အတွင်းခံတွေနဲ့ ထိုင်နေတဲ့ အမျိုးသမီးဟာ ငိုကြွေးနေခဲ့ပြီး အရှေ့ခန်းမှာတော့ ဇနီးသည်ရဲ့ မိသားစုတွေဟာ အော်ဟစ်ပြောဆိုနေခဲ့ကြတာကို ရိုက်ကူးထားခဲ့တာပါ။

အဲဒီနောက် ဇနီးသည်ရဲ့ မိသားစုဝင်လို့ ယူဆရသူ အမျိုးသားတစ်ဦးနဲ့ ခင်ပွန်းသည်တို့ဟာ အပြန်အလှန် သတ်ပုပ်ခဲ့ကြတာကိုလည်း တွေ့နိုင်ပါတယ်။ တရုတ်လူမှုကွန်ယက်မှာတော့ ဒီဗီဒီယိုဖိုင်ဟာ အတော်လေး နာမည်ကျော်နေတာ တွေ့ရပါတယ်။
Source : Mirror
duwun
Loading...