Breaking News


မောင်တောကိစ္စ ဘယ်သူ့ကိုမှ မစွပ်စွဲသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော


Loading...

မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးခင် ဘယ်သူ့ကိုမှ စွပ်စွဲအပြစ်တင် သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ သက်သေအထောက်အထားခိုင်လုံရင်တော့ စွပ်စွဲချက်တင်သင့်ရင်တင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့ ဒေသတွေကိုသွားရောက်နေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပြန်မရောက်လားသေးလို့ ဖြစ်စဉ်အသေးစိတ်ကို တိတိကျကျပြောလို့ မရသေးဘူးလို့ပြောခဲ့ပြီး အောက်တိုဘာ ၁၅ ရက်ပတ်ဝန်းကျင်ရောက်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြောပြနိုင်လိမ့်မယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပါတယ်။
Source & Photo : Kumudra
============
Search Myanmar
Loading...