တရုတ်အမျိုးသားတဦးက မိဘများကိုသတ်တာ ဖုံးထားရန်အတွက် အိမ်နီးချင်း ၁၇ ဦးကိုပါ သတ်ဖြတ်

Loading...
_________________________________________________________

တရုတ်အမျိုးသားတစ်ဦးဟာ ငွေကြေးကိစ္စနဲ့စကားများရာကနေ သူ့မိဘ ၂ ပါးကို သတ်ဖြတ်ခဲ့တယ် နောက်ဒီကိစ္စကို မပေါ်ချင်တာနဲ့ အိမ်နီးနားချင်း ၁၇ ဦးကိုပါ ထပ်မံသတ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
တရုတ်ပြည်အနောက်တောင်ဖက်က ဝေးလံလှတဲ့ ကျေးရွာမှာ သတ်ဖြတ်ခံလိုက်ရတဲ့လူတွေဟာ အငယ်ဆုံးက အသက် ၃ နှစ်ဖြစ်ပြီး အကြီးဆုံးက အသက် ၇၂ နှစ်ဖြစ်တယ် ဒီအသတ်ခံရတဲ့လူတွေအားလုံးက မိသားစု ၆ စုရဲ့မိသားစုဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
သံသယရှိသူ အသက် ၂၀ ကျော်အရွယ် ရန်ကွင်ပီဟာ ဗုဒ္ဓဟူးနေ့က သူရွာကိုပြန်ခဲ့ပြီး သူ့ကို တရုတ်ပြည်ယူနန်ခရိုင်ရဲ့မြို့တော်ကူမင်းမှာ ကြာသာပတေးနေ့က ဖမ်းဆီးခဲ့တာပါ။
ဆင်ဟွာသတင်းဌာနကတော့ ဒီရွာသားတွေ ဘယ်လိုဘယ်ပုံသတ်ခံရတယ်ဆိုတာ သတင်း မထုတ်ပြန်ထားပါဘူး။
ဒီလိုလူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတာ တရုတ်နိုင်ငံမှာ ဖြစ်ခဲပြီး သေနတ်ကိုင်ဆိုင်မှုကို လည်း တင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်လို့ သိရပါတယ်။
DVB
Loading...