Breaking News


သူများအိမ်ထောင်ကို ဖြို ခွဲ ခဲ့တယ်လို့သတင်းတွေထွက်လာပြန်တဲ့ မိုးယုစံ


Loading...


အခုရက်ပိုင်းမှာ မောင်စွမ်းမိုးသူနဲ့ ရုပ်ရှင်မင်းသမီးချောလေး မမိုးယုစံတို့ရဲ့ မင်္ဂ္လာသတင်းတွေ မင်္ဂ္လာပွဲတွေနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတွေ သတင်းတွေ ပလူပျံနေတာ အားလုံးလည်း အသိပဲနေမှာပါ။ သတင်းဆိုတော့လည်း ကောင်းသတင်းတွေလည်း ပါသလို မကောင်းသတင်းတွေလည်း ပါတာပေါ့။ ကဲ ဘာကိုအရင်ပြောပြရမလဲ ပရိသတ်ကြီးရေ။ ကောင်းသတင်းကိုပဲ စပြောပြပါ့မယ်။ မင်းသမီးလေး မိုးယုံစံဟာဆိုလို့ရှိရင် မိန်းကလေးတိုင်းလိုချင်တဲ့ မိန်းကလေးတိုင်းအားကျတဲ့ မင်္ဂ္လာပွဲတွေ တစ်ပွဲပြီးတစ်ပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဆင်မြန်းခွင့် ရှိခဲ့ပါတယ်။ သူတို့စုံတွဲဟာဆိုရင် နေနဲ့မြ ရွှေနဲ့လ လို့တင်စားရလောက်အောင် ပနံရလှပနေကြပါတယ်။ ကဲ အားမကျဘူးလား ပရိသတ်ကြီးရေ…………


မကောင်းသတင်းနဲ့ ပတ်သတ်ပြီးတော့လည်း ကောလဟာလတွေ ထွက်ပေါ်လာပြန်ပါပြီ ပရိသတ်ကြီးရေ……… ဒါဟာဘာလဲဆိုတော့ လူမှုကွန်ယက်ပေါ်မှာ May Thu Zaw ဆိုတဲ့ အကောင့်ပိုင်ရှင်က " ကိုယ့်အလှည့်ကျ စိန်းနဲ့မွှန်းတဲ့ ဘောပင်နဲ့ အတိတ်ကောင်း နိမိတ်ကောင်းယူ လက်မှတ်ထိုးပြီး သူများမိသားစုကျ ဘာကြောင့်အလွယ်တကူ ပြိုကွဲစေခဲ့သလဲ" ဆိုပြီးရေးသားထာပါတယ်။ ကဲ ဒါဘယ်သူ့ကိုပြောတာလဲ?? ရှင်းပါတယ် လတ်တလောမှာ စိန်နဲ့မွှန်းနဲ့ဘောပင်နဲ့ လက်မှတ်ထိုးခဲ့တာဆိုလို့ မင်းသမီးချောလေး မိုးယုစံပဲရှိတာလေ။ ဒါက မိုးယုကို ပြောလိုက်တယ်ဆိုတာ သေချာသလောက်ရှိပါတယ်။


အကောင့်ပိုင်ရှင် မမေသူဇော် ပြောခဲ့တာကတော့ " မခံနိုင်လွန်းလို့သာ ရေးရတာပါ။ သူက သတင်းကြီးတဲ့ ရွှေမင်းသမီးဖြစ်လေတော့ သူ့ဘက်ကနာပြီး ကိုယ့်ကို လာဝုန်းမယ့်သူတွေကိုလည်း ကြောက်ရသေး။ 😤😤😤
share တာလည်း share ကြပေါ့လေ ဒါပေမယ့် မဆိုင်သူတွေကို ထင်ယောင်ထင်မှားနဲ့ ထင်တာကိုမရေးစေချင်ဘူးရှင် တကယ့်ကာယကံရှင်အမက ဒီ post မှာ comment ရေးဖို့နေနေသာသာ like တောင် မလုပ်ထားဘူး ရေစက်ချအမျှဝေထားပြီးသားမို့ပါ 😉😉😉

စမီးရေးတာဟုတ်ဝူးနော်😁😁😁 အလင်းလာပြတာ
လူတဖတ်သားကို တော်ရုံမုန်းတီးစိတ် မရှိပါဘူး။ ဒါပေမယ့် ထို အမျိုးသမီးကိုတော့ တူးခါးနေအောင် မုန်းပါတယ်။ မဲ့ရွဲ့စောင်းနေတဲ့ သူ့မျက်နှာလည်း မမြင်ချင်သလို အသက်ငင်သလို အသံလည်း မကြားချင်ပါဘူး။ အသိုင်းအဝိုင်းချင်း သိပ်မဝေးတာကြောင့် ၃ခေါက်တိတိ သူနဲ့မိတ်ဆက်ပေးခြင်းခံရတဲ့အခါတိုင်း ယောင်လို့တောင် မပြုံးပြနိုင်သလို တခုခုထမလုပ်မိအောင် စိတ်ထိန်းခဲ့ရတာချည်းပါပဲ။ ခုယူတဲ့ ယောကျာ်းက သူစနိုက်ကြော်ထားတာမဟုတ်တိုင်း ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီမထင်နဲ့။ အတိတ်ကာလအပိုင်းအခြားတခုမှာ ကိုယ့်ပယောဂကြောင့် မိသားစုတခုပြိုကွဲရသလို အပြစ်မဲ့တဲ့ကလေးတွေ မိတကွဲ ဖတကွဲဖြစ်သွားရတာကို လိပ်ပြာလုံနိုင်သေးလား။ ဝဋ်ရှိလို့ ပေးဆပ်လိုက်ရတယ်ပဲ သဘောထားပေမယ့် သူတပါးအိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တယ်ဆိုတာ တော်ရုံအပြစ်တော့ မဟုတ်ဘူးလေနော်။ ဒီတခါဆုံရင်တော့ မေးကြည့်ချင်တယ်။ 

အစထဲက ခုလို မင်္ဂလာဆောင်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ လူပျိုလူလွတ်တယောက်ကို လက်တွဲမယ် ရည်ရွယ်ခဲ့ရင် သူများမိသားစုကို ဘာလို့ပြိုကွဲအောင် လုပ်ခဲ့သလဲ။ ကိုယ့်အလှည့်ကျ စိန်နဲ့မွှန်းတဲ့ ball pen နဲ့ အတိတ်ကောင်း နမိတ်ကောင်းယူ လက်မှတ်ထိုးပြီး သူများမိသားစုကျ အလွယ်တကူ ဘာလို့ပြိုကွဲစေခဲ့သလဲ။ 
ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေ။" ဆိုပြီး ရေးသားထားပါတယ်။ ကဲ ကိုယ့်အတွေးနဲ့ကို စဉ်းစားကြည့်ရင်တော့ ပရိသတ်ကြီးလည်း သဘောပေါက်မယ်လို့ထင်ပါတယ်။
Source: Facebook
Go Goe
Loading...