တွန်းဖယ်နေပေမယ့် သူ့ကို တွန်းဖယ်နိုင်တဲ့ အင်အားမရှိပဲ စော်ကားခံခဲ့ရပါတယ် - Thadinatin

Breaking News

တွန်းဖယ်နေပေမယ့် သူ့ကို တွန်းဖယ်နိုင်တဲ့ အင်အားမရှိပဲ စော်ကားခံခဲ့ရပါတယ်


Loading...


စင်ကာပူနိုင်ငံက ကမ္ဘာကျော် စင်တိုဆာကျွန်း အပန်းဖြေကမ်းခြေတွင် ကင်းလှည့်အရာရှိဟောင်း တစ်ဦးဖြစ်သူ ‘Pram Nair’ က ပါတီပွဲမှအပြန် အမူးလွန်နေတဲ့ မိန်းကလေးကို အဓ္ဓမပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ထောင်ဒဏ် ၁၁ နှစ်နှင့် ကြိမ်ဒဏ် ၁၂ ချက်ကို အောက်တိုဘာ ၃ ရက်(တနင်္လာနေ့)က တရားရုံးတော်မှ သက်ညှာစွာ အမိန့်ချမှတ်ခဲ့ပါတယ်။ 
စော်ကားခံခဲ့ရသူ အသက် ၂၀ အရွယ်၊ စိတ်ဖြေလျော့နည်း သင်တန်းဆရာမ ဖြစ်သူက စင်တိုဆာကျွန်း၊ စလိုဆိုကမ်းခြေရှိ ကလပ်ပါတီတစ်ခုသို့ မေ ၅ ရက် ၂၀၁၂ ခုနှစ်က အမျိုးသမီးအဖော်နှင့် သွားရောက်ခဲ့ပြီး ဝီစကီအရက် ခွက်အနည်းငယ်သောက်မိခဲ့သည်။ အဲသည်နောက် ကင်းထောက်ဟောင်း ‘Nair’ အသက် ၂၇ နှစ်က သူမတို့ရဲ့ အဖွဲ့ကိုချဉ်းကပ်ခဲ့ပြီး မိတ်ဖွဲ့စကားစမြည် ပြောခဲ့ကြပါတယ်။
’Nair’ က အရက်တွေကို ပုလင်းလိုက် ပါးစပ်ထဲလောင်းထည့်တဲ့ ကစားနည်းကို ကစားဖို့ အကြံပြုခဲ့ပြီး သူမရဲ့ ပါးစပ်ထဲကို စက္ကန့် ၂၀ လောက် အရက်တွေ လောင်းထည့်ခဲ့ပါတယ်။ အရက်တွေ အလွန်အကျွံ သောက်ပြီးသွားတဲ့အခါမှာတော့ သူမဘာကိုမှ မမှတ်မိတော့ပဲ အ​မှောင်ကမ္ဘာထဲ ရောက်သွားပါတော့တယ်။ အိမ်ပြန်ဖို့ရောက်လို့ သူမရဲ့ အဖော်က ကလပ်ရဲ့ တစ်ခြားအခန်းမှာ ထားထားတဲ့ သူတို့ရဲ့ အိတ်တွေကို သွားယူပြီး ပြန်လာတဲ့အခါမှာ သူမရဲ့ သူငယ်ချင်းနဲ့အတူ ’Nair’ ပါ နှစ်ယောက်လုံး ကလပ်ထဲမှာ
မတွေ့တော့ပါဘူး။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကနေ ယခုနှစ် ဧပြီလထိ ၁၅ ရက်တာ စစ်ဆေးမှုပြုလုပ်ခဲ့စဉ် စော်ကားခံခဲ့ရတဲ့ သူမက သူ့အနေနဲ့ သူမရဲ့ သူငယ်ချင်း အိတ်တွေသွားယူတဲ့ နောက်ပိုင်းကို လုံးဝပြန်စဉ်းစားလို့ မရတဲ့အတွက် သူမကိုယ်သူမ အသုံးမကျသူဟု အပြစ်တင်ပါတယ်။ ကမ်းခြေမှာ အဓ္ဓမပြုကျင့်ခံနေရစဉ် နာကျင်ဝေဒကြောင့် ပြန်နိုးလာတဲ့အခါ သူမက ’Nair’ ကို မလုပ်ဖို့ အကြိမ်ကြိမ်ပြောပြီး တွန်းဖယ်နေပေမယ့် သူ့ကို တွန်းဖယ်နိုင်တဲ့ အင်အားမရှိပဲ စော်ကားခံခဲ့ရပါတယ်။ ပါတီကပြန်လာသူနှစ်ယောက်က အဆိုပါ အဖြစ်ပျက်ကို တွေ့ရှိခဲ့ပြီး ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ သူငယ်ချင်းကလည်း သူမကို အဝတ်ဗလာနဲ့ တွေ့ရှိသွားခဲ့ပါတယ်၊ ’Nair’ က ထွက်ပြေးသွားခဲ့ပေမယ် မကြာမီပဲ အနီးနားမှာ အဖမ်းခံခဲ့ရပါတတယ်။
ရမန်အချုပ် ၁၁ လ နှင့် ၁၁ ရက် ကျခဲ့ပြီး စစ်ဆေးနေစဉ်ကာလမှာ ‘Nair’ က သူမဟာ အရက်မှုးနေခြင်းမဟုတ်ပဲ၊ အဲဒီညမှာထဲက သူ့ကိုအထာတွေပေးခဲ့ပြီး သထောတူကြလို့ လိင်ဆက်ဆံခဲ့တယ်လို့ စွဲချက်ကို ငြင်းပယ်ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်(တနင်္လာနေ့) မှာတော့ ‘Nair’ ကို အဓ္ဓမကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် ထောင်ဒဏ် ၁၁ နှစ် နှင့် ၁၉ ရက်၊ ကြိမ်ဒဏ် ၁၂ ချက် ကျခံစေရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
Ref:StraitsTimes
popolay
Loading...