Breaking News


၎င်းတို့က သေနတ်ဖြင့် ချိန်ကာ ထိုင်ခိုင်းခဲ့ကြောင်း၊ တစ်ယောက်ကသေနတ်ကိုင်ထားပြီး အမျိုးသားကသေနတ်နဲ့ ထောက်တော့ထိုင်လိုက်တယ်

Loading...

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးရွာတောအနီး၌ လက်နက်ကိုင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး တွေ့ရှိသည့် သတင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက
 ရှာဖွေပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကိုင်းကြီးရွာအုပ်စု၊ ကြေးစည်ရွာတွင် နေထိုင်သော ဦးမောင်ကိုမှာ အောက်တိုဘာလ(၁၂) ရက် ည ၇ နာရီခန့်က ငှက်ဝရွာမှ ပြန်လာစဉ် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိပြီး ၎င်းတို့က သေနတ်ဖြင့် ချိန်ကာ ထိုင်ခိုင်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အမျိုးသမီးဖြစ်သူမှ ထွက်သွားခိုင်းခဲ့သောကြောင့် ရွာသို့ ပြန်ပြေးလာခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“သိသလောက်တော့မနက်က ညနေ ၇ နာရီလောက်မှာ ကိုမောင်ကိုဆိုတဲ့ လူက ကိုင်းကြီးရွာအုပ်စုထဲကပဲ ကြေးစည်ရွာနဲ့ငှက်ဝရွာကြားပေါ့ ငှက်ဝရွာကပြန်လာတာမှာ လူသုံးယောက်ကိုတွေ့တယ် သူ့ရွာသားတွေထင်လို့လှမ်းအော်ခေါ်လိုက်တာမှာ တစ်ယောက်ကသေနတ်ကိုင်ထားပြီး အမျိုးသားကသေနတ်နဲ့ ထောက်တော့ထိုင်လိုက်တယ် သူတို့ချင်းရောပြီးပြောပြီး အမျိုးသမီးကသေနတ်ကို ဖယ်ပြီး go go ဆိုပြီး ပြောတော့ သူလည်းကြောက်ပြီး ရွာကိုပြေးလာတာပေါ့ သူတို့ရဲ့ပုံသဏ္ဍာန်က ဘောင်းဘီရှည်ဝတ်ထားတယ် ရုပ်ရည်ကတော့ ကုလားပုံစုံလို့တော့ ပြောတယ်။ ရဲတပ်ဖွဲ့တွေရော တပ်မတော်အဖွဲ့တွေရော သေနတ်ကိုင်တွေသွားနိုင်တဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့သိရတယ် သူတို့ပြန်မဆင်းကြသေးဘူး” ဟု ကိုင်းကြီးရွာဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်ပွားရာ နေရာသို့ စစ်တပ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ ညတွင်းချင်း လိုက်လံရှာဖွေကာ နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေရကြောင်း လက်ရှိအချိန်ထိတွေ့ရှိခြင်းမရှိသေးသလို ထူးခြားမှုမရှိကြောင်း သိရသည်။

“အခြေအနေကအခုမှကျွန်တော်တို့ရှာတုန်းဘာမှမထူးသေးဘူး ကျွန်တော်တို့တောထဲမှာဘာမှန်းမသိရ သေးဘူး ညနေခင်းလောက်မှာ တစ်ခေါက်ပြန်ဆက်ပေးပါ” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကြည် က ပြောကြားသည်။

“ ညတုန်းက ကြားတယ်အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တွေ့လိုက်လို့ဆိုပြီး သတင်းက ကျွန်မတို့ဆီကိုလည်းရောက် အေဒီတို့ ရဲတို့ ဆင်းသွားတယ်။ ဒီအချိန်ထိတော့ မိတယ်ဆိုတာ မကြားမိဘူး ရှာတော့ရှာနေတယ် ” ဟု ပန်းတောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် ကပြောသည်။

လက်ကိုင်သုံးဦးကို တွေ့ရှိသည့် ဒေသများမှာ ပဲခူတိုင်းနှင့် ရခိုင်ပြည်နယ်ခြားနေရာရှိ ရိုးမတော၏ အစွယ်တောတန်းများဖြစ်ပြီး ပြည်တောင်ကုတ်လမ်း နယ်စပ်နေရာများနှင့်လည်း စပ်ဆက်နေကြောင်း ဒေသခံများထံမှ သိရသည်။
Eleven Media Group

Loading...