Breaking News


အပျိုစင်ဘ၀ကို ရောင်းချဖို့ အွန်းလိုင်းပေါ်ကနေ ကြေညာခဲ့တဲ့ မိန်ကလေးတစ်ဦး

Loading...

ရုရှားနိုင်ငံက အသက် (၂၀) အရွယ် Ariana ဆိုသူ မိန်ကလေးတစ်ဦးဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပိုက်ဆံမရှိတဲ့အတွက် အပျိုစင်ဘ၀ကို ရောင်းချဖို့ အွန်းလိုင်းပေါ်ကနေ ကြေညာခဲ့ပါတယ်။ သူမရဲ့အပျိုစင်ဘ၀ကို ဈေးပြိုင်စနစ်နဲ့ ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။ လေလံကြမ်းခင်းဈေးမှာ ပေါင် ၁၃၀,၅၀၀ ဖြစ်တယ်လို့ သိရပါတယ်။


Ariana က “ကျောင်းသားတိုင်းမှာ အကြောင်းအရာအမျိုးမျိုးနဲ့ နည်းမျိုးစုံသောပြဿနာတွေကို ရင်ဆိုင်နေရပါတယ်၊ ချို့တဲ့သူတွေဟာ ပညာရေးစရိတ်အတွက် ပင်ပန်းတဲ့အလုပ်ခွင်ကို ၀င်ရပါတယ်၊ ကျွန်မအနေနဲ့လည်း နိုင်ငံခြားက ကျောင်းကောင်းကောင်းမှာ ပညာသင်ချင်ပါတယ်၊ သိတဲ့အတိုင်းပဲ စရိတ်စကက သိပ်ဈေးကြီးလွန်းတယ်လေ” လို့ ပြောခဲ့ပါတယ်။

သူမအနေနဲ့လည်း တခြား သမ္မာအာဇီဝအလုပ်နဲ့ ငွေရှာခဲ့ဖူးပေမဲ့ လိုအပ်တဲ့ ငွေပမာဏပြည့်မီဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်တာကြောင့် အပျိုစင်ဘ၀ကို လေလံတင်တာကသာ အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အပျိုစင်ဘ၀ကို လေလံတင် ရောင်းချသူမှာ Ariana တစ်ယောက်တည်း မဟုတ်ဘဲ သူမရဲ့ သူငယ်ချင်း Lolita အမည်ရတဲ့ မိန်းမပျိုလေးကလည်း တူညီတဲ့ကြမ်းခင်းဈေး ပေါင် ၁၃၀,၅၀၀ နဲ့ လေလံတင်ထားတယ်လို့ သိရပါတယ်။
Ref: vn


Loading...