Breaking News


ကျပ်သိန်း ၅၀ အောင်ဘာလေထီပေါက်တဲ့ သတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်တဲ့ မိုင်


Loading...

စက်တင်ဘာက ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေထီတွင် ကျပ်သိန်း ၅၀ ဆုပေါက်သည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တေးသံရှင် ရတနာမိုင်၏မိခင်က ပြောသည်။
ရတနာမိုင်နှင့် မိခင်တို့သည် ဘုရားဖူး၍အပြန်တွင် ထီဝင်ထိုးခဲ့ရာမှ ကျပ်သိန်း ၅၀ အောင်ဘာလေထီဆုပေါက်ခဲ့သည်ဟု ဂျာနယ်တစ်စောင်က ရေးသားခဲ့ပြီး လူမှုကွန်ရက်၌လည်း အဆိုပါသတင်းပျံ့နှံ့ ခဲ့သည်။
ထီပေါက်သည့် အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာ၂ ရက်တွင် ပြုလုပ်မည့် ‘သူသိ စေ’ တေးအယ်လ်ဘမ်ပရိုမိုးရှင်းပွဲ၌ အခွေဝယ်ယူသူများအား ရွှေဆွဲပြားများ မဲဖောက်ပေးမည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
‘‘သိန်းငါးဆယ်ပေါက်တယ်ဆိုတာ မဟုတ်ဘူး။ တစ်ဖက်နဲ့  တစ်ဖက် နားလည်မှုလွဲတာပါ။ အမှန်က အမေနဲ့သမီး တစ် ယောက် ငါးသောင်းစီ တွတ်ပဲရတာပါ’’ဟု ရတနာမိုင်၏မိခင် တေးသံရှင်မိုင်က ပြောသည်။
ရတနာမိုင်နှင့် မိခင်သည် လစဉ်ထီတစ်အုပ် ပုံမှန်ကံစမ်းလေ့ရှိပြီး ယခုကဲ့သို့ ဆုငွေရရှိဖူးခြင်းမရှိကြောင်း မိုင်က ဆို သည်။
7daydaily
Loading...