Breaking News


မောင်တော နယ်မြေရှင်းလင်းမှုမှာ ကျေးရွာအချို့က ပြန်လည်တိုက်ခိုက်တာကြောင့် (၇) ဦး အသေဖမ်းမိ

Loading...

မောင်တောဒေသ မြို့သူကြီးဘင်္ဂါလီကျေးရွာနဲ့ သောင်ပိုင်ညာ ဘင်္ဂါလီကျေးရွာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ကျေးရွာအတွင်းမှ ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် ပစ်ခတ်မှုများဖြစ်ပွားပြီး ဘင်္ဂါလီခုနစ်ဦးကို အသေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
 နယ်ခြားစောင့် ရဲဌာနချုပ်နဲ့ ၁၀ မိုင်ခန့်အကွာ ဦးရှဥ့်ကျဘင်္ဂါလီကျေးရွာမှာလည်း  လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုပြီး တုတ်၊ ဓားတွေနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်ဆုတ်ပြန်လာခဲ့ရပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာဖြစ်ပြီး လုံခြုံရေးကျိုးပေါက်မှုတွေ မရှိစေဖို့ တပ်မတော်အင်အားကိုပါ တိုးချဲ့ချထားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြတ်ကျော်သွားလာမှုကို အောက်တိုဘာ ၉ ရက်က စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ကုန်သွယ်မှု လုပ်ငန်းတွေကိုလည်း  လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘူးလို့ သိရပါတယ်။
Photos & Source: 7Day Daily
Loading...