Breaking News

ကိုးလအရွယ် ကလေးငယ် သေဆုံးပြီးနောက် မိခင်၏ ချစ်သူကို အဓမ္မမှုဖြင့် ရဲတပ်ဖွဲ့ဖမ်းဆီး




Loading...
----------------------------

အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ကိုးလအရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီးနောက် မိခင်ဖြစ်သူရဲ့ ရည်းစားကို စွဲချက်တင်ဖမ်ဆီးလိုက်ပါတယ်။
အိမ်ရဲ့မြေအောက်ခန်းထဲမှာ သွေးတွေထွက်နေတဲ့ ကလေးငယ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က တွေ့ခဲ့ရတာဖြစ်ပါတယ်။  ကလေးငယ်ကို ဆေးရုံတင်ပို့ ကုသခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့မှာ သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကလေးငယ်သေဆုံးသွားပြီးနောက် အမှုကို ပြောင်းလဲစွဲချက်တင်ခဲ့ပြီး လူသတ်မှုနဲ့ ကလေးငယ်မိခင်ရဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးလိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာနှောက်ယှက်ဖျက်ဆီးမှုနဲ့ ဘန်ဂျမင်တေလာဆိုသူ အမျိုးသားကို စွဲချက်တင်ထားတာဖြစ်ပါတယ်။ ကလေးငယ်ဟာ အိမ်မြေအောက်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ အမှောင်ခန်းထဲရှိနေတာကို သူ့ရဲ့မိခင်ဖြစ်သူက ရှာတွေ့ခဲ့တာပါ။
Source : Mirror
duwun
Loading...