Breaking News


သေစာရင်းအသွင်းခံရ၍ မသေကြောင်း သက်သေပြရသည့်အမျိုးသမီး


Loading...


အမေရိကန်နိုင်ငံ ယူတားပြည်နယ်မှ ဘာဘရာမာဖီအမည်ရှိ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အစိုးရ၏ သေစာရင်းသွင်းသည့်အထဲတွင် ပါဝင်နေသည့်အတွက် သက်ရှိထင်ရှားရှိသေးကြောင်း သက်သေပြရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။ 
.
လူမှုဖူလုံရေးအဖွဲ့က ဘာဘရာအား ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း သေဆုံးပြီဟု ယူဆခဲ့ကြခြင်းဖြစ်ရာ ဘာဘရာအနေဖြင့် ထိုစဉ်မှစ၍ နှစ်နှစ်ကြာ လူမှုဖူလုံရေးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်ခများနှင့် ဆေးဝါးကုန်ကျစရိတ်များကို တောင်းဆိုရန် ကြိုးပမ်းလျက်ရှိသည်။
.
ဘာဘရာသည် မကြာသေးမီက မြေးမလေးတစ်ဦးနှင့် ညစာထွက်စားစဉ် ငွေရှင်းရန် ဘေလ်ထုတ်ပေးသည့်အချိန်၌ စားပွဲထိုးဖြစ်သူက သူမ၏ ခရက်ဒစ်ကတ်ကို ပြန်ပေးကာ ပယ်ဖျက်ခံထားရသည့် ကတ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် ခင်ပွန်းဖြစ်သူက ငွေထုတ်ရှင်းပေးခဲ့ရသည်။ သို့သော် ဘဏ်တစ်ခုတွင် အလုပ်လုပ်နေသည့် မြေးမလေးက အဖွားဖြစ်သူ၏ ဘဏ်စာရင်းအကြောင်းကို ရုံးသို့ ဖုန်းဆက်မေးရာမှ လူမှုဖူလုံးရေးအဖွဲ့က ဘာဘရာအား သေစာရင်းသွင်းထားသည့်အတွက် ငွေစာရင်းကိုလည်း ပယ်ဖျက်ထားလိုက်ခြင်းဖြစ်ကြောင်း သိရှိခဲ့သည်ဟု ဆိုသည်။
.
Si Thu
Ref: OC



Loading...