Breaking News


ကုလားတွေလည်း ရွာထဲက ရွာပြင်ကို မထွက်ကြဘူး။ ရခိုင်တွေလည်း ရခိုင်ရွာကနေ မထွက်ကြဘူး

Loading...

မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မတည်ငြိမ်မှုများ ရှိနေသဖြင့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင်လူကြီးအသိုင်းအ၀ိုင်းများ၊ အစိုးရ အာဏာပိုင်များမှ မည်သို့ မည်ပုံ နေထိုင်ကြရမည်ကို ညွှန်ကြားပေးကြစေလိုသည်ဟု အရပ်သားများက ပြောသည်။
“ အခု ကုလားတွေလည်း ရွာထဲက ရွာပြင်ကို မထွက်ကြဘူး။ ရခိုင်တွေလည်း ရခိုင်ရွာကနေ မထွက်ကြဘူး။ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ မသိဘူး။ ဒါကြောင့် ကျေးရွာတွေကို အဆက်အသွယ် လုပ်ပြီး အားပေးစကားတွေ ပြောဖို့လိုနေသလို ဘယ်လို ဆက်လက်နေထိုင်သင့်တယ်ဆိုတာကိုလည်း ညွှန်ကြားတာတို့၊ အကြံပြုတာတို့ ပြုလုပ်ဖို့ လိုနေပါတယ်။ လူတွေက စိုးရိမ်မှုတွေတော့ ရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
မောင်တောတောင်ပိုင်း ကျေးရွာများမှာ အခြေအနေတည်ငြိမ်နေကြောင်း၊ သို့သော်လည်း ရွာသားများ အနေဖြင့် သတိထားပြီး နေထိုင်နေရကြောင်း၊ ညကျလျှင် လုံခြုံရေး စိုးရိမ်ရကြောင်း၊ သို့အတွက် အထက်မှ လူကြီးများ၏ အကြံအဥာဏ်များ၊ ညွှန်ကြားချက်များကို အထူးလိုအပ်နေကြောင်း ငခူရ ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။
Loading...