Breaking News


လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးတဲ့ဖြစ်ရပ်


Loading...


နေပြည်တော်၊ ပြည်သူ့လွှတ်တော်အဆောက်အဦထဲမှာ ပြည်သူ့လွတ်တော်ရုံးအကူအမျိုးသမီးတစ်ဦးက လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးတဲ့ဖြစ်ရပ် ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖုန်းအရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး စကားများတာကနေ အိမ်သုံးဓားနဲ့ထိုးခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ အမှုကို လာရောက်စစ်ဆေးတဲ့ ရဲမှူးဆန်းအောင်က မီဒီယာတွေကို ပြောခဲ့ပါတယ်။
ပြည်သူလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကို သွယ်တန်းထားတဲ့ စင်္ကြံလမ်းဘေးက လှေကားနားမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ရဲမှူးဆန်းအောင်က ပြောပါတယ်။
Source & Photos : Mizzima
Loading...