Breaking News


ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသော အောင်စိုးမိုးကျော်ရေယာဉ် ပဲ့ပိုင်းပေါ်

Loading...

ချင်းတွင်းမြစ်အတွင်း နစ် မြုပ်သွားသော အောင်စိုးမိုးကျော် ရေယာဉ်ကို ကရိန်းသုံးခုဖြင့် ဆွဲတင်ရာ ရေယာဉ်ပဲ့ပိုင်းစပေါ် နေပြီဖြစ်ကြောင်း ရေယာဉ်ဆယ် ယူရေးလုပ်ငန်းကူညီဆောင်ရွက် နေသော ကနီမြို့နယ် ဒေသခံ ကိုဝင်းဇော်နိုင်က ပြောသည်။
နစ်မြုပ်သွားသော အောင် စိုးမိုးကျော်ရေယာဉ် ပြန်လည် ဆယ်ယူရေးလုပ်ငန်းများကို တိုင်း  ဒေသကြီး အစိုးရအဖွဲ့၏ လမ်း ညွှန်မှုဖြင့် ကရိန်းတင်ရေယာဉ် သုံးစီးနှင့်အတူ ကနီမြို့နယ် ရေ ငုပ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီတွင် ရေယာဉ်ပဲ့ ပိုင်း (နောက်ပိုင်း)ကို မြစ်အတွင်း မှ ဆယ်မ ရရှိခဲ့ခြင်းဖြစ်သည်။
‘‘ရေယာဉ် အမြီးပိုင်းကို ကရိန်းသုံးစင်းနဲ့ ဆွဲပါတယ်။ ခါး ကို ရေတိမ်ခါးပိုင်းကြိုးတပ်ပြီး ဖလက်ကြီးက ၀င့်နဲ့ ကမ်းဘက်ကို ရောက်အောင်ဆွဲလှည့်ရမယ်။ ကမ်းဘက်ကို ရောက်လာပြီ။ ရေ စီးကြောင်းထဲမှာတော့ မဟုတ် တော့ဘူး’’ဟု ကိုဝင်းဇော်နိုင်က ပြောသည်။
‘‘အခု လောလောဆယ် ရေ ယာဉ်နောက်ပိုင်းတစ်ခြမ်းပေါ်နေ ပြီ။ ကရိန်းသုံးစင်းနဲ့ ဆက်ဆယ် နေပါတယ်။ ဖိနပ်တွေကတော့ ရေပေါ်ဖွားခနဲပေါ်နေပြီ။ လူသေ အလောင်းနဲ့ ပစ္စည်းတွေတော့ ပေါ် တာမတွေ့သေးဘူး။ ရေယာဉ် ပေါ်လာတော့ အနံ့တွေက တော် တော်နံနေတယ်’’ဟု ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။
‘‘ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူရုပ်အလောင်း ခြောက် လောင်းပဲဆယ်ရတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမျိုး ထွဋ်ဦးက ပြောသည်။
အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်ခဲ့ခြင်းကြောင့် ခရီးသည် ၁၅၇ ဦးကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး လူ ၈၀ ခန့် ပျောက်ဆုံးခဲ့ကာ အောက်တိုဘာ ၁၅ ရက်တွင် သေဆုံးသူ ရုပ်အ လောင်းလေးလောင်း၊ အောက် တိုဘာ ၁၆ ရက်တွင် သေဆုံးသူ ရုပ်အလောင်း လေးလောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် သေဆုံးသူ ရုပ်အလောင်း ၃၁ လောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ခြောက်လောင်းဆယ်ယူ ရရှိခဲ့သဖြင့် စုစုပေါင်း ရုပ်အ လောင်း ၄၅ လောင်းကို ဆယ်ယူ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီးတွင် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က အောင်စိုးမိုးကျော်ရေယာဉ်သည် ခရီးသည် ၁၈၀ ခန့် တင်ဆောင် စုန်ဆင်းလာစဉ် ကျောက်ဆောင် ကို တိမ်းရှောင်မောင်းနှင်ရာမှ အ ရှိန်မထိန်းနိုင်ဘဲ ရေယာဉ်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
7daydaily
Loading...