Breaking News


မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းလိုက်ကြောင်း အိုဘားမား ကြေညာ


Loading...


အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းကြောင်း အမိန့်ညွန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဘာရတ် အိုးဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာပြောကြားလိုက်ပါတယ်။ ယခင် စစ်တပ်အစိုးရရဲ့ မူဝါဒများက အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ယူဆခဲ့တာကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်က ကာလရှည်ကြာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းကြောင်း အမိန့်ညွန်ကြားချက်ကို အောက်တိုဘာ ၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားပါတယ်။


အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို မကြာမီ ရုပ်သိမ်းသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ပြောကြားထားခဲ့ပါတယ်။

Source & Photo: Reuters, LA Times
duwun
Loading...