Breaking News


သြစတြေးလျနိုင်ငံသားတစ်ဦး တိုက်ခေါင်မိုးပေါ်ကပြုတ်ကျသေဆုံးမှုဖြစ်


Loading...


အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီလောက်က ဒဂုံမြို့နယ် ဦးဝိစာရလမ်း၊ န၀ရတ်ရိပ်သာဝင်းထဲက အထပ်မြင့်တိုက်ခန်းခေါင်မိုးပေါ်ကနေ အသက်(၂၉)နှစ်အရွယ် သြစတြေးလျနိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပြီး ပြုတ်ကျခဲ့တဲ့ အကြောင်းအရင်းကို စစ်ဆေးနေတယ်လို့ ဒဂုံမြို့မ ရဲစခန်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။
‘‘သူက အဲဒီတိုက်မှာနေတာ မဟုတ်ဘူး။ ဘာလာလုပ်တယ်။ တိုက်ပေါ်ကို ဘာတက်လုပ်လဲဆို တာတွေ ကျွန်တော်တို့စစ်ဆေးရ ဦးမယ်။ အခု သူသေတော့မှသာ သေတယ်ဆိုပြီးသိတာ။ အခုလောလောဆယ်တော့ သြစတြေးလျသံရုံးနဲ့ ချိတ်ပြီးစုံစမ်းနေတယ်။ ကျန်တာတွေက စစ်ဆေးတုန်းပဲ’’လို့ အဆိုပါ ရဲဆရာရှိက ပြောပါတယ်။
တိုက်ခေါင်မိုးပေါ်က ပြုတ်ကျခဲ့တဲ့ သြစတြေးလျနိုင်ငံသားက ရိုဒတ်ဝီလျံဆိုသူဖြစ်ပြီး ညာနဖူးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာ၊ ညာလက်ဖျံ ညိုမည်းဒဏ်ရာတွေရရှိခဲ့လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့ပြီး ပြုတ်ကျခဲ့တဲ့ ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၂၈ ရက် မနက် ၂ နာရီတွင် သေဆုံးခဲ့သွားတယ်လို့ သိရပါတယ်။
Source : 7DayDaily
Loading...