Breaking News


အိမ်သော့ကျန်ခဲ့လို့ ကျော်ခွနေရတဲ့ မိန်းမပျိုလေးရဲ့ဖြစ်အင်

Loading...


အိမ်သော့မေ့ကျန်ခဲ့လို့ အခန်းထဲကို ပြတင်းပေါက်က တွယ်တက်ပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့သူတစ်ဦးရဲ့ အဖြစ်ကတော့ သင်ခန်းစာယူဖို့ကောင်းပါတယ်။
အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ကိုသော့ခတ်ပြီးမှ သော့ဟာ အိမ်ထဲမှာကျန်ခဲ့မှန်း သိလိုက်ရတာပါ။ သူမအရပ်နဲ့ မမီတဲ့နေရာမှာရှိတဲ့ ပြတင်းပေါက်ကို တက်ရောက်ဖို့ အုတ်ခဲတွေကို စီခဲ့ပါတယ်။ အုတ်ခဲပုံကနေ ပြတင်းပေါက်ကို တွယ်တက်နေစဉ်မှာပဲ ကံဆိုးစွာနဲ့ ချော်ကျသွားခဲ့ရပါတယ်။ နောက်ဆို အိမ်သော့ကို  ဂရုစိုက်သိမ်းဖို့လည်း သင်ခန်းစာရသွားလောက်ပါပြီ။
အိမ်ထဲရောက်ဖို့အတွက် ပြတင်းပေါက်ကနေ ခက်ခက်ခဲခဲဝင်ရောက်ဖို့ ကြိုးစားနေပုံကို အိမ်နီးချင်းတစ်ဦးက ဗီဒီယိုရိုက်ထားခဲ့ပါတယ်။ ဘယ်နေရာမှာ ရိုက်ခဲ့တယ်ဆိုတာတော့ အတိအကျမဖော်ပြထားပေမယ့် ဒီဗီဒီယိုကတော့ YouTube ပေါ်ကို အောက်တိုဘာ ၂၁ ရက်မှာ ရောက်လာခဲ့ပါတော့တယ်။
Source : Mirror
Loading...