Breaking News


အကြမ်းဖက်သူတွေကို ပြည်ပနိုင်ငံတွေက ငွေပေးပြီး နယ်ခြားစောင့်ရဲစခန်းတွေ စီးနင်းခိုင်းတာလို့ဆို

Loading...

မောင်တောမြို့က နယ်ခြားစောင့်ရဲစခန်းတွေဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့အချိန်မှာ ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ ပြည်ပနိုင်ငံများက နယ်စပ်ဒေသနေ အကြမ်းဖက်ချင်တဲ့သူတွေကိုငွေပေးပြီး ဆောင်ရွက်ခိုင်းခဲ့တာလို့ လုံခြုံရေးကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရဆန်းလွင်က ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် ညနေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ UN, INGOs အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံရာမှာ ရဲမှူးချုပ် သူရဆန်းလွင်က ပြောခဲ့တာဖြစ်ပါတယ်။
‘‘အကြမ်းဖက်ဖြစ်စဉ်များအတွင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်သုံးဖိုင်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အကြမ်းဖက် သ မားတွေကိုလည်း ၎င်းဒေသရွာများ တစ်လျှောက်ရှာဖွေစစ်ဆေးတာတွေကို တပ်မတော်ဘက်က ဆက်လက်ဆောင်ရွက်နေပါတယ်’’လို့ ရဲမှူးချုပ် သူရဆန်းလွင်က ပြောပါတယ်။
Source & Photo : 7DayDaily
Loading...