ဂျပန်မှာ အငြိမ်းစားအဘိုးအိုက ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီး သတ်သေ

_________________________________________________________

ဂျပန်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ပန်းခြံနဲ့ ကားရပ်နားနေရာ ပေါက်ကွဲမှုမှာ အသက် ၇၂ နှစ်အရွယ် ဂျပန်စစ်သားဟောင်းတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အသေခံဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ အူဆူနိုမီယာမြို့ရှိ ပန်းခြံနဲ့ ကားရပ်နားရာ နေရာတစ်ခုတို့မှာ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒုတိယပေါက်ကွဲအတွင်း ဂျပန်ကာကွယ်ရေးတပ်မှ အငြိမ်းစားတပ်ဖွဲ့ဝင် အဘိုးအို သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ သေကြောင်းကြံစည်မှုနဲ့ ပတ်သက်ပြီး စာရေးသားထားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် အသက် ၆၄ နှစ်နဲ့ ၅၈ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
NHK သတင်းဌာနရဲ့ ဓာတ်ပုံများအရ ကားနှစ်စီး မီးလောင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ လတ်တလော ကျဆင်းခဲ့ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။
ဂျပန်မှာ တစ်နှစ်လျှင် လူ ၃၀,၀၀၀ ခန့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြကြောင်း သိရပါတယ်။ ငွေရေးကြေးရေး လိုအပ်ချက် ဖိအားတွေက ပင်စင်လစာ နည်းပါးတဲ့ အငြိမ်းစားပုဂ္ဂိုလ်တွေကို သေကြောင်းကြံစည်မှုတွေ ဖြစ်စေကြောင်း ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ထားပါတယ်။
Source & Photo: Reuters, NHK
Duwun
Loading...