Breaking News


ပြည်မြို့တွင် ၃ နှစ် အရွယ်သမီးကို ခင်ပွန်းဟောင်းထံ ခေတ္တအပ်ထားရာမှ ခင်ပွန်းဟောင်းက အဓမ္မပြုကျင့်......

Loading...

ပြည်မြို့တွင် ၃ နှစ် အရွယ်သမီးကို ခင်ပွန်းဟောင်းထံ ခေတ္တအပ်ထားရာမှ ခင်ပွန်းဟောင်းက အဓမ္မပြုကျင့်......
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ၃
နှစ်သမီးရွယ်ကလေးငယ်လေးအား မဖွယ်မရာ ကျူးလွန်သူ ၅၆ နှစ် အရွယ် အမျိုးသားအား အောက်တိုဘာ(၃)ရက်နေ့ကဖမ်ဆီးစစ်ဆေးကာ အဓမ္မပြုကျင့်မှု ပုဒ်မ အပါအဝင်ပုဒ်မ (၃)ခုဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
“အဲဒီအမျိုးသမီးက ညဈေးတန်းကိုသွားတာ။ ကလေးကိုနေပူမှာစိုးလို့အသိအကျွမ်းဖြစ်တဲ့အရင် ယောင်္ကျာ࿿း ဟောင်းဆီမှာ ခဏအပ်ထားခဲ့တာ အဲဒီလိုအကျူးလွန်ခံလိုက်ရတာပဲ။”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ
တာဝန်ကျရဲအရာရှိကပြောသည်။
သုံးနှစ်သမီး၏ မိခင်ဖြစ်သူမှာ အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းကပြည်မြို့ရွာဘဲရပ်ကွက်မှ ညဈေးတန်းသို့ ပိုက်ဆံချေးရန်အသွားလမ်းခုလတ်ဖြစ်သော ဖက်တန်းဈေးရှိ ယခင် (၅)နှစ်က တရားဝင်ကွာရှင်း ပြတ်စဲထား သော အသိအကျွမ်းဖြစ်သူ ၅၆ နှစ်အရွယ်ယောင်္ကျာ࿿းဟောင်းထံတွင် ကလေး နေပူမည်စိုးသဖြင့် ညဈေးတန်းဘက်သို့ ခေါ်မသွားလို၍ အပ်ထားခဲ့ရာ
ဈေးမှအပြန်သမီးလေးအား ပြန်ခေါ်လာ၍ ညနေပိုင်းသမီးအား ရေချိုးပေးရာမှ သမီးလေးကိုယ်တွင် ဒဏ်ရာအချို့တွေ့ရှိရပြီး သမီးကိုမေးမြန်းရာ ထိုအဖြစ်ကို စတင်သိရှိခဲ့ပြီး
ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ၅၆ နှစ်အရွယ် ဦးကျော်တင့်အား (ပ)၂၁၅၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့ဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။
ထိုသတင်းအချက်အလက်များအရ မိဘများအနေဖြင့် မည်သူ တစ်ဦးတစ်ယောက်ကိုမှ လွယ်လွယ်နှင့် မယုံကြည်သင့်ကြောင်းနှင့် မိမိမွေးလျှင် မိမိ၏သမီးအရွယ်လောက်ပင်ရှိသော ကလေးကိုထိုသို့ပြုမူခဲ့သော လုပ်ရပ်သည် စက်ဆုတ် ဖွယ်ကောင်းလှပါကြောင်း....
#Facebook အသုံးပြုသူတစ်ဦးမှသိရှိရ....
myanmarload
Loading...