ပီးရူးလမ်းမပေါ် ကိုယ်လုံးတီးဖြင့် ဆိုင်ကယ်စီးခဲ့သည့် အမျိုးသမီး ဝေဖန်ခံရ (ရုပ်သံ)



_________________________________________________________
ပီရူးနိုင်ငံမှ လူသူရှုပ်ထွေးတဲ့ လမ်းမကြီးတခုပေါ်မှာ အမျိုးသမီးတဦးဟာ ကိုယ်လုံးတီးနဲ့ ဆိုင်ကယ်စီးခဲ့တဲ့အတွက် မျက်မြင်ကြုံတွေ့ရတဲ့ လမ်းသွားလမ်းလာတွေဟာ အံ့အားတသင့် ဖြစ်ခဲ့ကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသမီးဟာ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းပြီး ပိုက်ဆံအိတ်ကို လွယ်ထားခဲ့ပေမယ့် သူ့ရဲ့ ကိုယ်ပေါ်မှာတော့ အ၀တ်အစားတွေ ၀တ်မ ထားခဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။
သူဟာ လမ်းမပေါ်က ကားတွေကြားမှာ ဆိုင်ကယ်နဲ့ ဖြတ်မောင်းနေခဲ့ပြီး တနေရာ အရောက်မှာတော့ သူ့ကို မြင်လိုက်ရတဲ့ သူတွေက မနှစ်မြို့တဲ့ အမူအရာတွေနဲ့ ကြည့် သွားခဲ့ကြတာပါ။
ဒီအဖြစ်အပျက်ဟာ ပီရူးနိုင်ငံ၊ လီမာမြို့၊ မီရာဖလောစ်ခရိုင်ထဲက လမ်းမတခုပေါ် မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ လမ်းသွားလမ်းလာတဦးက အမျိုးသမီးရဲ့ နောက်ပိုင်း ကနေ ရိုက်ယူနိုင်ခဲ့တာဖြစ်ပြီး ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာ ပါ။
လက်ရှိမှာတော့ ဒီအဖြစ်အပျက်ဟာ အင်တာနက်အသုံးပြုသူတွေကြား ဝေဖန်စ ရာတွေဖြစ်နေခဲ့ပြီး ခုလိုအပြုအမူအတွက် ယာဉ်ထိန်းရဲကပဲ ဖမ်းဆီးစစ်ဆေးမလား၊ အရေးယူ၊ အပြစ်ပေးခံရမလားဆိုတာတွေကို စိတ်ဝင်စားနေခဲ့ကြပါတယ်။
ဒါပေမယ့် ခုချိန်ထိ ဒီအမျိုးသမီးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
DVB



Loading...