" မြင်းခြံအကျဉ်းထောင်တွင် ဆူပူမှုဖြစ် "

_________________________________________________________


မြင်းခြံ အကျဉ်းထောင်တွင် ထောင်သားများနှင့်ထောင်ပိုင်ပြသာနာဖြစ်ရာမှ အကျဉ်းထောင်ဆူပူသည့် အခြေအနေ ဖြစ်နေသည်ဟု သတင်းရရှိသည်။
အကျဉ်းထောင်အတွင်း မငြိမ်မသက်ဖြစ်နေခြင်းကို မြင်းခြံ အကျဉ်းဦးစီးဌာနသို့ 7Day က ဖုန်းဖြင့်မေးမြန်းရာ နံနက် ၇ နာရီတွင် စတင်ဖြစ်ပွားပြီးဖြစ်စဉ်အသေးစိတ်ကိုမူ ပြောကြားခွင့်မရှိသေးကြောင်း မြင်းခြံ အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးကပြောသည်
လက်ရှိတွင် အကျဉ်းသားများကို အခန်းတံခါးပိတ်ထားကာ အပြင်ပေးမထွက်ဘဲ ထိန်းသိမ်းထားကြောင်း မြင်းခြံမှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့်ကိုသန်းထိုက်အောင်က ပြောသည်။
ယခုအချိန်တွင် မြင်းခြံအကျဉ်းထောင်ရှေ့သို့ ရဲကားများ ရောက်ရှိလာပြီး ထောင်အတွင်းသို့ဝင်ရောက်သွားနေပြီဟု ထောင်ရှေ့သို့ရောက်နေသည့် ကိုသန်းထိုက်အောင်က ဆက်လက်ပြောကြားသည်။
" ထောင်ထဲကအော်ဟစ်နေတဲ့ ဆူညံသံတွေကြားရတယ်။ ထောင်ရှေ့မှာ လူတွေအများကြီးပဲ ရဲကား သုံးလေးစီးနဲ့ ထောင်ကားတစ်စီးပါတယ် "ဟု ၄င်းကပြောသည်။

7Day News Journal

Loading...