Breaking News


‘ခရီးသည်တွေကို လုတာ တွေ၊ ဆွဲလားရမ်းလားလုပ်တာ တွေ များလာလို့ အခုလိုပိတ်ပင်ရ တာပါ

Loading...

မန္တလေးမြို့ရှိ ချမ်းမြရွှေ ပြည် (ကျွဲဆည်ကန်)ယာဉ်ရပ်နား စခန်းအတွင်း နိုဝင်ဘာ ၁ ရက်မှ စ၍ တရားမဝင်အငှားယာဉ်များ နှင့် ဆိုင်ကယ်တက္ကစီများ ခရီး သည်ဝင်ရောက်ခေါ်ယူခွင့် မပြု တော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
နေ့စဉ်နှင့်အမျှ ရှုပ်ထွေး လျက်ရှိသော တရားမဝင်အငှား ယာဉ်များ၊ ဆိုင်ကယ်တက္ကစီများ ကို ပိုမိုထိရောက်စွာ ရှင်းလင်း ဆောင်ရွက်ရန် လိုအပ်လာသဖြင့် ယာဉ်နားစခန်းအတွင်း ဝင်ရောက်ပါက ပူးပေါင်းစည်းကမ်းထိန်း သိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးအရေး ယူမည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီက အောက်တိုဘာ ၂၈ ရက် တွင် ထုတ်ပြန်ကြေညာသည်။
ချမ်းမြရွှေပြည် ယာဉ်ရပ်နား စခန်းအတွင်း တရားဝင်ခွင့်ပြု ထားသော အငှားယာဉ်ငယ်အ သင်းလေးသင်းရှိပြီး ကားအစီး ၂၀၀ ခန့်ရှိကြောင်း၊ ယာဉ်ရပ်နား စခန်းတွင် အသင်းမဝင်ထားသည့် အငှားယာဉ်များနှင့် မူလယာဉ်အ သင်းများ မကြာခဏခရီးသည်လု ယူမှုများ ဖြစ်ပေါ်နေကြောင်း သိရ သည်။
ဆိုင်ကယ်တက္ကစီကို ယခင် က    မှတ်ပုံတင်စနစ်ဖြင့်   စနစ်တကျပြုလုပ်ပေးခဲ့သော်လည်း တစ်လခန့်အကြာ၌ မူလအတိုင်းစည်းကမ်းမဲ့ ခရီးသည်လုခေါ်မှု များ ပြန်ဖြစ်လာကြောင်း၊ တရားမဝင်ယာဉ်ငယ်နှင့် ဆိုင်ကယ်တက္ကစီများအား ခရီးသည်ပို့ရုံမှလွဲ၍ ခရီးသည်ကြိုဆိုခေါ်ဆောင် ခြင်း ခွင့်ပြုတော့မည်မဟုတ် ကြောင်း ချမ်းမြရွှေပြည်ယာဉ်ရပ် နားစခန်း အုပ်ချုပ်ရေးမှူး ဦးမျိုး အောင်က ပြောသည်။
‘‘ခရီးသည်တွေကို လုတာ တွေ၊ ဆွဲလားရမ်းလားလုပ်တာ တွေ များလာလို့ အခုလိုပိတ်ပင်ရ တာပါ။ ခရီးသည်ကို ဂိတ်ကိုလာ ပို့လို့တော့ရတယ်။ ဒါပေမဲ့ ခရီး သည်ပို့ပြီး ပြန်ထွက်၊ ကြိုလို့မရပါ ဘူး’’ဟု အုပ်ချုပ်ရေးမှူး ဦးမျိုး အောင်က ပြောသည်။
ခရီးသည်များအား လုယက် ခေါ်ဆောင်မှုများကို ထိရောက်စွာ တားမြစ်ရန် လိုအပ်ပြီး ကားဝင်း အတွင်း ခရီးအကွာအဝေးအပေါ် မူတည်၍ ဈေးနှုန်းများ သတ်မှတ် ခြင်း၊ အလှည့်ကျထွက်သည့်စနစ် များ ဆောင်ရွက်ခြင်းတို့ ပြုလုပ် သင့်ကြောင်း မန္တလေးမြို့နေ အငှားယာဉ်မောင်း ကိုပြည့်စုံအောင် က ပြောသည်။
‘‘အပြင်က ယာဉ်တွေဝင်တာ ကို အဆင်ပြေအောင် ဖြေလျှော့မှု ပိုင်းလေးတွေ လုပ်ပေးမှ အဆင် ပြေမယ်။ အပြင်က ယာဉ်တွေက တော့ ပို့ပြီးရင် ပြန်ထွက်တာပဲ။ ဘယ်သူမှ ခရီးသည်စောင့်တာမျိုး မရှိဘူး။ အပြင်ကပို့တဲ့သူတွေကို တအားတင်းကျပ်လာရင်တော့ အပြင်လူနဲ့ အတွင်းလူ ပြဿနာ တက်လာတာမျိုးတွေ ရှိလာနိုင် တာပေါ့’’ဟု ကိုပြည့်စုံအောင်က ပြောသည်။
7daydaily
Loading...