အချိန် ၁၂ ပိသာ ကျော်တဲ့ မြွေကြီးတစ်ကောင်ကို ကျောင်းကုန်းမှာ ဖမ်းမိ


_________________________________________________________

သစ်ပင်ပေါ်တက်ပြေးတာကြောင့် သစ်ကိုင်းကို  ဓားနဲ့ခုတ်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့မှာ အောက်တိုဘာ ၃၀ ရက်က အလေးချိန် ၁၂ ပိသာ လောက်ရှိတဲ့ မြွေကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မိုးမခ ကျေးရွာအုပ်စု၊ ကန်ဒေါင့် အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အနောက်ဘက်ရိုးချောင်းအနီးမှာ မနက် ၁၀ နာရီကျော်က အထွေထွေလုပ်သား ဦးဝင်းရွှေဟာ မြေကြီးကို လယ်ကွင်းဘက်သို့ တက်လာတာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ရွာသားတွေက ဝိုင်းရိုက်တဲ့အခါ သစ်ပင်ပေါ်တက်ပြေးတာကြောင့် သစ်ကိုင်းကို  ဓားနဲ့ခုတ်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 အဆိုပါ စပါးအုံး မြွေကြီးဟာ အရှည် ၇ တောင့်ထွာ၊ လုံးပတ် ၁၃ လက်မခွဲနဲ့ အလေးချိန် ၁၂ ပိဿာ ၅၀ သားရှိကြောင်း ဒေသခံ တစ်ဦးကပြောထားတယ်လို့ MOI ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
Photos & Source: MOI
Loading...