Breaking News


ဗုဒ္ဓရုပ်တုကို စော်ကားသလို ပြုမှုလိုက်တဲ့ ရိုနယ်ဒို


Loading...

ခရစ္စတီယာနိုင် ရိုနယ်ဒို ကို လက်ရှိ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးသမားလို့ ပြောလို့ရပါတယ်။ သူ့ရဲ့ခြေစွမ်း ၊ စတိုင် နဲ့ ပရဟိတ စိတ်ထားတွေကြောင့် ကမ္ဘာပေါ်က လူကြီးလူငယ်မရွေး အားပေးခြင်းခံရသူလည်း ဖြစ်ပါတယ်။ အခုတော့ သူ့ကိုအားပေးတဲ့သူအများအပြားကို စိတ်အနှောက်အယှက် ဖြစ်စေမယ့် အပြုအမှု တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

သူ့ရဲ့ Officail Facebook Page မှာ ဗုဒုဦးခေါင်းရုပ်တု ခုံပေါ်ကို ခြေထောက်တင်ပြီး ရိုက်ထားတဲ့ပုံကို တင် ဖြစ်ပါတယ်။ သူ့ရဲ့ Fan Page ဟာ ပရိတ်သတ်ပေါင်း ၁၁၇သန်းကျော်ရှိတာကြောင့် ချက်ချင်းပဲတဟုန်ထိုးပြန့်နှံ့သွားပြီး သူ့ရဲ့အပြုအမူကို ရှုံချနေကြပါတယ်။ သူ့ရဲ့ ဒီပုံအောက်မှာ ဘာ
သာပေါင်းစုံက လူတွေ အပြန်အလှန် တိုက်ခိုက်နေကြတာ အလွန်အရုပ်ဆိုးလှပါတယ်။

တကယ်တော့ ရိုနယ်ဒို ဟာ သူ့ခြံထဲမှာ ပုံတစ်ပုံကို ပုံမှန်ရိုက်ပြီးတင်လိုက်တာပါ။ ဒါပေမယ့် ဒါဟာ ဗုဒ္ဓဘာသာဝင်တွေကို စိတ်ပျက်သွားစေမယ် ဆို
တာ မေ့သွားပုံရပါတယ်။ အဘက်ဘက်က ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ မြန်မာတွေ ဒိုလေးလို့ ခေါ်ကြတဲ့ ရိုနယ်ဒိုရဲ့ ဒီလုပ်ရုပ် ဟာ အတော်ဆိုးရွားလှပါတယ်။ ဒီလုပ်ရပ်ကို သူ
ဘယ်လို ပြန်ရှင်းမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။


Loading...