Breaking News


ဘူးသီးတောင်နဲ့မောင်တောမြို့ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထား


Loading...

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ လဝကဝန်ထမ်းတွေနဲ့ စစ်သင်တန်းတက်ထားသူတွေကို လက်နက်တွေ ထုတ်ပေးထားပြီး အဲဒီနေရာတွေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရရုံးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တွေမြို့က နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမူကွန်ရက် အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလိုပြောခဲ့တာပါ။

play

ဖမ်းမိထားတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို ဂျနီဗာကွန်ဗင်းရှင်း နိုင်ငံတာဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေက ဘယ်အဖွဲ့အစည်းကလည်း ဆိုတာကိုတော့ အခုအချိန်မှာထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးကတော့ လက်ရှိ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကပါ  ပိတ်ဆို့မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Source & Photo : DVB
Loading...