Breaking News


၁ရတီကျော်တဲ့ စိန်တပ်ထားတဲ့ ဘောပင်နှင့် လတ်မှတ်ရေးထိုးခဲ့ကြတဲ့မိုးယုစံရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ

Loading...
၁၈ ရက်နေ့ က ဆီဒိုးနားမှာ သရုပ်ဆောင်မိုးယုစံ နှင့် မောင်စွမ်းသူတို့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုပွဲကိုလာရောက် ခဲ့တဲ့သူတွေ အကုန်လုပ်မြင်တွေ့ပြီးပြီ ဖြစ်တဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုဖော်ပြလိုက်ပါတယ်။
ဝင်ဝင်ချင်းမှာတော့ My Dream က စပွန်ဆာပေးပြီး အလှဆင်ထားတဲ့ သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာအကြိုဓာတ်ပုံတွေကို ခမ်းခမ်းနားနားချိတ်ဆွဲပြီး stand များနှင့်တကွ အလှဆင်ထားတာကိုတွေ့ရပါတယ်။ သတို့သားနှင့် သတို့သမီး ကတော့ အဖြူနှင့် ငွေရောထားတဲ့ မင်္ဂလာဝတ်စုံကို လိုက်ဖက်စွာ ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။
မင်္ဂလာမောင်နှံထိုင်ဖို့ အတွက် စတိတ်စင် ကတော့ အဖြူရောင် ပန်း များစွာ နှင့် လှပစွာ စီစဉ်ထားပြီး သူတို့ နှစ်ယောက် လတ်မှတ်ထိုးတဲ့ ဘောပင်ကလည်း စိန် ၁ရတီကျော်ဆိုဒ် နှင့် အလှဆင် ထားတဲ့ ဘောပင်တွေ နှင့် လတ်မှတ်ရေးထိုးခဲ့ကြပြီး သိန်းထောင်ချီတဲ့ကားပေါ်တက်ပြီး ထွက်သွားပါတော့တယ်။ တကယ်ကို ခမ်းနားစွာကျင်းပခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်သလို သိန်းပေါင်း ရာချီ ထောင်ချီ အသုံးပြု ထားတဲ့ အတွက်ကြောင့် မိုးယုစံ ကတော့ မိန်းကလေး တစ်ယောက်အနေနှင့် တော်တော်ကံကောင်းခဲ့တယ်လို့ ဆိုလို့ရပါတယ်။










Loading...