Breaking News


အလျား(၃၀)ပေခန့်ရှိ အမည်မသိငါးကြီးတစ်ကောင် ကျွန်းစုမြို့နယ် ၀ဲကျွန်းကျေးရွာအနီး၌ သောင်တင်၍သေဆုံးနေ


Loading...


ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ၀ဲကျွန်းကျေးရွာအနောက်ဘက် င်္သချိုင်းအနီးသောင်ပြင် တွင် ဒီရေအတက်ဖြင့်မျှောပါလာသော ဝေလငါးအုပ်စု(အမည်မသိ)ငါးကြီးတကောင်သည် အောက်တိုဘာလ (၆) ရက်နေ့ ညနေ(၅)နာရီခန့်က သောင်တင်ပြီး သေဆုံးနေကြေင်းသိရသည်။


အဆိုပါငါးကြီးသည် ဝေလငါးအုပ်စုမှ အမည်မသိငါးတစ်ကောင်ဖြစ်နိုင်ချေရှိပြီး အလျား(၃၀)ပေ၊ လုံးပတ်(၁၅)ပေခန့်ရှိ၍ ကျေး၇ွာများမှ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ အကြောင်းကြား၍ ၎င်းငါးအသေကြီးအား ၀ဲကျွန်းကျေးရွာ ရာအိမ်မှူး ဦးအောင်နိုင်ဌေးနှင့်အဖွဲ့များက ခြံခတ်ကာ ထားရှိကြောင်း ကျေးရွာမှ ဒေသခံတစ်ဦး ထံမှ သိရသည်။
kokyunthar
photo-မြို့နယ်ရဲတပ်ဖွဲ့
#MyMedia
Loading...