Breaking News


တိုက်ခန်းတွင် အတူငှားရမ်းနေထိုင်သူက အိမ်ရှင်၏သားကို ဓားဖြင့် အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေး


Loading...
လှိုင်သာယာမြို့နယ်(၆) ရပ်ကွက် ဓမ္မရတနာလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အိမ်ရှင် အား လစာပေးပြီး ငှားရမ်းနေထိုင်သူတစ်ဦးက အိမ်ပိုင်ရှင်၏ သားကို ဓားဖြင့် အချက်ပေါင်းများ စွာ ထိုးသတ်ခဲ့သည့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ 

ဓားဖြင့် အချက်ပေါင်းများ စွာ ထိုးသတ်ခဲ့သူသည် ယင်းတိုက် ခန်းတွင် အိမ်ရှင်များနှင့်အတူ နေ ထိုင်သူဖြစ်ပြီး အခင်းဖြစ်သည့် ညက မီးပိတ်ခိုင်းသောကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ အိမ်ရှင်၏သားကို ဓားဖြင့်အချက်ပေါင်း များစွာထိုးသတ်ခဲ့သည့် အမှုဖြစ် ပွားကြောင်း လှိုင်သာယာမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

‘‘လူသတ်မှုဖြစ်ပွားတဲ့အချိန် မှာ အသတ်ခံရတဲ့ ကောင်လေးရဲ့ ညီရှိတယ်။ မီးခလုတ်ပိတ်ခိုင်းတာ ကနေစပြီး စကားများရန်ဖြစ်ကြ တယ်။ မီးပိတ်ပြီးတော့မှ ဓားနဲ့အ ချက်ပေါင်းများစွာ ထိုးသတ်ပြီး ထွက်ပြေးသွားတာပါ။ အခုအချိန် ထိတော့ တရားခံကို လိုက်ရှာနေ တုန်းပါ။ မမိသေးပါဘူး’’ဟု အဆိုပါရဲအရာရှိက ပြောသည်။ 

သေဆုံးသူသည် အသက် (၁၅)နှစ်သာ ရှိသေးပြီး ၎င်း၏ ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာ အချက် ၂၀ ကျော်ရရှိကာ ဓားဖြင့် ထိုးခဲ့သူ အသက်(၂၀)အရွယ် မောင်မောင်မြတ်သည် လူသတ်မှု ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၃ ရက် နံနက် ၅ နာရီခန့်၌ ထွက်ပြေးသွားကြောင်း လှိုင်သာ ယာမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။ 

‘‘လူသတ်မှုကျူးလွန်ခဲ့သူက စက်ဘီးပြင်တဲ့ အလုပ်လုပ်တယ်။ သေဆုံးသွားတဲ့ ကောင်လေးအ ဖေက အင်းစိန်ဈေးမှာ လုံခြုံရေး တာဝန်ကျနေတော့ အိမ်မှာမရှိ ဘူး။ အသက်(၇)နှစ်အရွယ် သား အငယ်လေးကတော့ ဖြစ်စဉ်ကို အကုန်မြင်လိုက်တယ်’’ဟု ရဲအ ရာရှိက ပြောသည်။ ဓားဖြင့် အ ချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး နောက် ထွက်ပြေးလွတ်မြောက် နေသူ မောင်မောင်မြတ်ကို လှိုင် သာယာမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
7daydaily
Loading...