Breaking News

၁၃ နှစ်အရွယ် လူငယ်ကို ခင်ပွန်းတော်ထားသည့် မိန်းကလေးကို ရဲတပ်ဖွဲ့ စစ်ဆေးနေ


Loading...

အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ၁၃ နှစ်သားအရွယ် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ခင်ပွန်းတော်ခဲ့မိတဲ့အတွက် ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရကြောင်း သိရပါတယ်။
သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး တကယ်မေတ္တာရှိခဲ့ကြပြီး ဘယ်သူ့ရဲ့တိုက်တွန်းချက်မှ မပါဝင်ပဲ ပေါင်းသင်းနေထိုင်ကြတာလို့ ပြောကြပေမယ့် ရုရှားရဲတပ်ဖွဲ့ကတော့ စွဲချက်တင်ထားပြီးပြီဖြစ်ပါတယ်။ ၁၃ နှစ်အရွယ်လူငယ်ဟာ အဆိုပါ ဘီလာနာဆိုသူ အမျိုးသမီးနဲ့ ပေါင်းသင်းနေထိုင်ပြီးနောက် ဝင်ငွေရှာဖို့ ကျောင်းထွက်လိုကတယ်လို့ သိရပါတယ်။ အခုတော့ သူတို့နှစ်ဦးမှာ ကလေးတစ်ဦးတောင် မွေးဖွားပြီးခဲ့ပြီဖြစ်ပါတယ်။
သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ အသိုင်းအဝိုင်းထဲမှာတော့ ဒါဟာပုံမှန်ပဲလို့ အဆိုပါစုံတွဲက ရဲတွေကို ပြောထားပါတယ်။ သူတို့နှစ်ဦးဟာ ကောင်လေးတွေရဲ့ အဘိုးအဘွားတွေအိမ်မှာ နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ဂျစ်ပဆီ အသိုင်းအဝိုင်းမှာတော့ မင်္ဂလာဆောင်ခဲ့ကြပြီးပြီလို့ ကောင်လေးရဲ့ အဖေက ရဲတွေကို ပြောပြပါတယ်။
Source : Mirror
Duwun
Loading...