Breaking News


ရန်ကုန်တွင် အငှားယာဉ်မောင်းတစ်ဦး အသတ်ခံရ


Loading...

မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက် ဦးဘဟန်လမ်းအ တွင်း အငှားယာဉ်မောင်းအမျိုး သားတစ်ဦးအလောင်းကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၃ နာရီခန့်က တွေ့ရှိရကြောင်း သ တင်းရရှိသည်။

အဆိုပါအငှားယာဉ်မောင်း ၏ အမည်မှာ ဦးဝင်းလှိုင် (၅၂) နှစ်ဖြစ်ပြီး လည်ပင်း၌ ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ပြတ်ရှဒဏ်ရာ တစ်ချက်၊ လက်ဖ၀ါးပေါက်ပြဲနှင့် လက်သန်းကြွယ် ပြတ်ရှဒဏ်ရာ တို့ဖြင့် ခေါင်းခန်း ခရီးသည်တင် ထိုင်ခုံပေါ်၌ သေဆုံးလျက်တွေ့ရှိ ရကြောင်း မရမ်းကုန်းမြို့မှ ရဲ စခန်းမှူး ဒုရဲမှူးဇော်ထွန်းကပြော ကြားသည်။
‘‘လှမ်းပြောတဲ့သူကရပ်ကွက် အုပ်ချုပ်ရေးမှူး။ ရဲစခန်းကို ဖုန်း ဆက်ပြောတယ်။ ကားပေါ်မှာ ဒရိုင်ဘာဘေးက Passenger (ခရီးသည်) ခုံပေါ်မှာ မှီလျက် တွေ့ရတာပေါ့’’ဟု ဒုရဲမှူး ဇော် ထွန်းကပြောသည်။
သေဆုံးသူသည် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၁၄၀) ရပ် ကွက်နေသူဖြစ်ပြီး ၎င်း၏ အငှား ယာဉ်ပေါ်တွင် ငွေအကြွေအချို့ တွေ့ရှိရသော်လည်း လက်ကိုင် ဖုန်းပျောက်ဆုံးနေကြောင်း အ ထက်ပါရဲအရာရှိကပြောသည်။
‘‘ခါတိုင်းဆို ထမင်းစားဖို့ နေ့ ခင်း ၁ နာရီပြန်လာတယ်။ဒီနေ့ တော့ပြန်လည်းမလာဘူး၊ ဖုန်း လည်းမဆက်ဘူး။ ၂ နာရီ လောက်မှာ ဖုန်းဆက်ကြည့် တယ်။ မရဘူး။ ဆက်သွယ်မှု ဧရိ ယာပြင်ပတဲ့’’ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးကပြော သည်။ အဆိုပါအမှုနှင့် ပတ်သက်၍မရမ်းကုန်းမြို့မ ရဲစခန်းက လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေကြောင်းသတင်းရရှိသည်။
7daydaily
Loading...