Breaking News

ကာရာအိုကေဆိုင် အလုပ်သမ အားသတ်ခဲ့သူ မြန်မာနိုင်ငံ သားတစ်ဦး ဖမ်းဆီးခံရ


Loading...

အောက်တိုဘာလ (၂၇)ရက်နေ့ က ထိုင်းနိုင်ငံ ပကျော့ ကီရီခန် ပြည်နယ် (Prachuap Khiri Khan) ဘန့် စဖန်ခရိုင် Bang Saphan district အတွင်း မှာဖွင့်ထားတဲ့ သ၀မ်ဒင် (နေ၀န်းနီ) ကာရာအိုကေဆိုင်က စားပွဲထိုး အမျိုးသမီး
သေဆုံးမှု နဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးကိုပြည်နယ်ရဲ တပ် ဖွဲ့  က ဖမ်းဆီးခဲ့ကြောင်း Bangkok Post ဘန်ကောက်ပိုစ့်သ တင်းမှာ ဖေါ်ပြထား ပါတယ်။
အသက်(၄၀) အရွယ် ၀ဲခူဝဲ Wae Khuewae ဟာ မြန်မာနိုင်ငံကနေ ရာဘာခြံ မှာ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့ ညကတရားခံဟာကာရာအိုကေဆိုင်မှာဘီယာသောက် နေရင်းထိုင်း နိုင်ငံသူ (အသက်၂၂) ဆိုင်းအလုပ်သမ အမျိုးသမီး ကို ထိုင်းဘတ်ငွေ
(၁၈၀၀ )ပေးပြီးသူနဲ့ အတူညအိပ်ဘို့  ခေါ်လာခဲ့တာပါ။
တည်းခိုခန်းမှာ အမျိုးသမီးက သူမနဲ့ အတူမနေခင် မူးယစ် ဆေးသုံးကြဘို့  ကမ်း လှမ်းခဲ့ကြောင်း၊သေဆုံးသူ အမျိုးသမီးက နောက်ထပ် ထိုင်းဘတ်ငွေ(၅၀၀) တောင်းပြီးအပြင်ကို ဆေးသုံးလုံးထွက်ဝယ်ခဲ့တယ်၊ အဲ့ဒိနောက်မှာသူမအမျိုးသားလို့ ယူဆရတဲ့ ဖုန်းတစ်ခုဝင်လာပြီးသူမဖုန်းစကား
ပြောနေခဲ့တယ်၊ 

ဖုန်းလာအပြီးမှာ ညမအိပ်တော့ဘဲ ထ ပြန်တော့မယ်လို့  အလုပ်မှာ အခြေ အ တင် စကားများခဲ့ပါ တယ်။ တရားခံဖြစ်သူဟာ ဒေါသလျောက် ရိုက်နှက်ခဲ့တာ ကနေ လက်လွန်သွားခဲ့ပါတယ်လို့  ရဲစခန်းမှာ ၀န်ခံချက်ပေးခဲ့ကြောင်း သိရ ပါတယ်။
တရားခံအမျိုးသားဟာ မြန်မာနိုင်ငံထဲမှာ စစ်သားဟောင်းတစ်ဦးဖြစ်တယ်လို့  လည်းဘန်ကောက်ပို့ သတင်းမှာဖေါ်ပြထားတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်အင်အားစုတွေဟာ စုစုပေါင်း မြန်မာ့ တပ်မတော် အပါအ၀င် (၃၇) ဖွဲ့ ကျော်နဲ့  တိုင်းရင်းသား (၁၃၅ မျိုး) ရှိရာမှာ ဘယ်တိုင်း ရင်းသားအဖွဲ့ ရဲ့  စစ်သားဆိုတာတော့ တရားခံက သေခြာမပြောခဲ့ပါဘူး။
ဒီကနေ့  မှာ အခင်းဖြစ်ပွားခဲ့တဲ့ တည်းခိုခန်းနေရာကို တရားခံက ၀န်ခံချက် သ
ရု ပ်ပြ ဘို့ ရဲအင်အား (၅၀)ကျော်နဲ့ လုံခြုံရေးယူပြီး သွားခဲ့ရပါတယ်။
ကိုကား Bangkok post
ဓါတ်ပုံ Ticthai.com and BK
Loading...