Breaking News


အိမ်ရှေ့ အရောက် အခေါင်း ပို့ပေးသူ မဖဲဝါ


Loading...
ပဲခူးရိုးမ ၏ အနောက်ခြမ်း မိုးညိုမြို့နယ် အတွင်းမှ ရွာကလေး တစ်ရွာ။

ချောင်း ၏ တစ်ဆစ်ချိုး တွင်မေးတင် တည်ရှိနေသော ဒီ ၇ွာလေး သည်နေဝင် သည်နှင့်ငြိမ်သက် တိတ်ဆိတ်သွားတတ်စမြဲ။ နွားလှည်းသံ ၊လှေချည်သံ၊နှုတ်ဆက် သံများ ဆူပြီး မကြာ တိတ်ဆိတ် သွားတတ်သည် မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင် စွန်းစွန်း မှာ ရှိတဲ့ ထန်းရည်ဆိုင်လေးဟာ ချက် အရက်ကလေး၊ အမြည်း အဖြစ်မြစ် ငါး၊ ငှက်ကြော် စသည်တို့ ကိုပါ တွဲဖက်ရောင်းချ၍ အမြဲ စည်ကားလေ့ ရှိပါတယ်။

ဒီ ဆိုင်ကလေး မှာနေ့တိုင်း လိုလိုနေ့လယ် ခင်းက စပြီးဆိုင်ပိတ်ချိန် အထိချက် အရက်သောက်ပြီး အားရကျေ နပ်ပြီ ဆိုမှ ထပြန်တတ်သူ တစ်ဦး ရှိပြီး ထိုသူကို ဆိုင်ရှင် ကိုစံပ မငြို ငြင် ရဲပေ။


သူ့ နာမည် က ကိုစိန်။ ဒီ ပတ်ဝန်းကျင် တဝိုက် မှာတော့ ကိုစိန့် ကို ရွာ လူမိုက်၊ လူပေ လူရွတ် အဖြစ် သတ်မှတ် ထားကြပြီး ထို လူမိုက် ဆိုတဲ့ ဂုဏ်ကို အရောင် တင်ပေးထားတာ ကလည်း ရှိသေးတယ်။

ကိုစိန်က သူကြီး သားလေ ။ သူကြီး သားမှ ဒီ ဒိုင်နယ်(ကျေးရွာ အုပ်စု)သူကြီး ရဲ့သားဗျာ။

ကိုစိန့် အိမ်က ရွာလယ်ပိုင်းမှာ ဆိုတော့ ထန်းရည်ဆိုင် နဲ့ အလှမ်းဝေးတယ် ဆိုပါတော့။ ကိုစိန် ကတော့ဖြတ် လမ်း အဖြစ် ရွာသင်္ချိုင်းကုန်း ကနေဖြတ်ပြီးပြန်လေ့ ရှိတယ်။

ရွာက လူတွေက မသွားရဲ မလာရဲ တဲ့ ဒီနေရာမှာ ကိုစိန် ကတော့ သူ့အဖေ သူကြီး မသိအောင်နွားကောင်ရေ များစွာ ခိုး၍ပေါ်ခဲ့ဖူး သဖြင့် သူ့အတွက် လာဘ်ကောင်း တဲ့နေရာ ဆိုရမလိုပင်။

ဒီညနေ မှာတော့ ဆိုင်ရှင် ကိုစံပ တစ်ယောက် သူကြီးသား ကိုစိန် ထိုင်နေသော ဝိုင်း ဘက်ခြေဦး မျှပင် မလှည့် ရဲချေ။

ညနေ ကချောင်းစပ်မှာ ကိုင်းထောင် ရင်းဖြစ်တာတွေ ကို, ကိုစိန်တော်တော်ဒေါသ ထွက်နေပြီး အရက်သာ ဖိမှာနေတာကိုးဗျ။ ကိုစိန် အရက်သောက်ရင်းဖြစ်တာတွေ ကိုပြန်ပြောပြတော့ ။

ကိုစိန်တော်တော် စိတ်တိုနေပြီ။ ဒီလောက် ငါးပေါတဲ့ လုပ်တိုင်းကုန်း ( သုဿ န် )ချောင်းဆွယ် မှာ ကိုင်းထောင်နေ တာကြာလှပြီ။ အခုထိ တစ်ကောင်မှ မမိသေးလို့ဖြစ်တယ်။ အိမ်က ပါလာတဲ့ အရက် တစ်လုံးပင် ကုန်လုလုဖြစ်နေပြီ ဆိုတော့စိတ်က ပိုတိုလာတယ်။

အရက် ကလည်းမူး၊ စိတ်ကလည်း တိုနေတော့ ကိုစိန် တစ်ယောက် ပါးစပ်ထဲတွေ့သမျှ အယုတ္တ၊ အနတ္တတွေ ဆဲဆိုနေတာပေါ့ဗျာ။ ''ဘယ်မအေ@#၊ ဘယ်နှမ%၊ ဘယ်ဖေ#မ၊ ဘယ်#ာသည်မ က ငါထောင်ထားတဲ့ ငါးတွေနှိုက်စားနေတာလဲ''။ ကိုစိန့် ဆဲသံကချောင်းစွယ် တကြောကြားနေရတယ်။
ကိုစိန် အပေါ့သွားမလို့ မတ်တပ် ရပ်လိုက်စဉ် သူ့ရှေ့က ကိုင်းတံပြင်းထန်စွာ လှုပ်သွား သဖြင့်ပျော် သွား တယ်။ ငါးမိပြီလေ ။ရေတွေတောင် လှိုင်းထ မှတော့ ငါးကြီးပေါ့။ အပျော်စိတ် နဲ့ရေစပ်ထဲ ခုန်ဆင်းပြီး ကိုင်း တံကို ဆွဲတင် ပါတော့တယ်။ ကိုစိန်က ဆွဲလိုက်၊ငါးက ရုန်းလိုက်နဲ့ပေါ့ဗျာ။

အတော်ကြာတော့ ကိုစိန် အားစိုက် ဆွဲထည့် လိုက်တော့ ကိုင်းတံ မှာမိနေတဲ့ ငါးကရေပေါ် တဖြည်းဖြည်းပေါ်လာတယ်။ ကိုစိန် မျက်မှောင်ကြုံ့ သွားတယ်။''ဘာငါးကြီး တုန်းဟ။မဲမဲ လုံးလုံးကြီး။ လိပ်များလား ဟ'' ဟုနှုတ်ကရေရွတ်ရင်း ဆွဲတင်လိုက်ရာ ကုန်းပေါ် ပါလာပါတယ်။

အားနဲ့ ဆွဲတင် လိုက်တာကြောင့် ဖင်ထိုင်ရက် လဲကျသွားရင်း ကိုစိန် ကိုင်းတံမှာ မိနေတဲ့ ငါးကိုသေသေ ချာချာကြည့် လိုက်မိတယ်။ သောက် ကျိုးနည်း။''ဟင် ။အောင်မလေးဗျ'' ကိုစိန်အော်ရင်း ကိုင်းတံကို လွှတ်ချ လိုက်တယ်။ လွှတ်ချမှာပေါ့။ သူ့ကိုင်းတံမှာ မိနေတာ ငါးလည်းမဟုတ်၊ လိပ်လည်း မဟုတ်ချေ ။ခေါင်းပြတ်ကြီးဖြစ်နေ တာကိုး။

ကိုစိန် တစ်ယောက်ေ ကြာင်ပြီးခေါင်းပြတ်ကြီး ကြည့်နေ စဉ်ခေါင်းပြတ်ကြီး၏ ပါးစပ် ပွင့်လာပြီး သွား ဝါကြင်ကြင် များကြားမှ လျှာက တစ်တောင်လောက် ထွက်ကျလာတယ်။ မျက်လုံးများ ကပြူးနေပြီး ကို့စိန့်ကို လှန်ပြီးကြည့် လိုက်တဲ့ အခါ ကိုစိန်ကရေထဲ ပစ်ချလိုက်တော့ တယ် ။ကြောက်လွန်းလို့ ကိုစိန့် တကိုယ်လုံး တုန်လာပြီ။ မဖြစ်တော့ဘူး၊ ဒါ သူရဲခြောက် တာဘဲ။ တော်ပြီ။

ကိုစံပ ဆိုင်မှာ အရက်သွားသောက် တာဘဲကောင်းတယ် လို့ စိတ်ထဲ မှာတွေးရင်းချောင်းစွယ် ကနေ ကိုစိန် ထွက်လာ လိုက်တော့တယ်။ ကိုစံပ ဆိုင်မှာရေချိန် ကိုက်သွားတော့ ဒီညနေလည်း ခါတိုင်းလို ကိုစိန် တစ်ယောက် ရွာသင်္ချိုင်း ကိုဖြတ်ပြီး အိမ်ပြန် လာတုန်းလေတစ်ချက်ဝေါကနဲ တိုက်ခတ်သွားသည်။''ဟိုက်။
ဒီနေ့တယ်အေးပါလား ဟ''စိတ်ထဲ မှာရေရွတ် မိပြီးကြက်သီးများဖြန်း ကနဲ ထလာသည်။ ထတာမှ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားအောင် ထသွားခြင်း မျိုးပေ။

ကိုစိန်က ပတ်ဝန်းကျင်ကို ရီဝေဝေ မျက်လုံး များနဲ့ဝေ့ ဝဲကြည့် ရာမြင်မြင် သမျှသည် နက်မှောင်သော အဆင်းဖြင့် သာငြိမ် သက်နေတော့ လမ်းဆက်လျှောက်သွားသည်။

ရုတ်တရက် ကိုစိန့် ရင်ထဲဖြန်း ကနဲဖြစ်သွားပြီး အကြောတွေပါ ဆိုင်းသွား သလို ခံစားလိုက် ရပါတယ်။ ''တောက်။ ဘာလဲကွာ။ ကြက်ကြော်နဲ့ စားထားတဲ့ အရက်လေးတောင် အမူးပြေသွားတယ်။

လှလိုက်တာ ဘယ်ရွာသူ တုန်းဟ။ တို့ရွာသူတော့ မဖြစ်နိုင်ဘူး''ဟု ပါးစပ် ကပင်ပြောမိတယ်။ပြောမိမှာပေါ့။ သင်္ချိုင်း အထွက် ရွာအဝင်လမ်းမှာ အဝါရောင် ဝမ်းဆက်နဲ့ မိန်းမ တစ်ယောက် ကိုတွေ့လိုက်ရတာကိုး။ အမှောင်က တဖြည်းဖြည်း ရင့်လာပြီ ။

နေ့ အလင်းရဲ့ လက်ကျန် အလင်း မှိန်မှိန်လေးအောက်မှာ ကိုစိန်က သူတွေ့လိုက်ရတဲ့ အဝါရောင် မိန်းမနောက် ကို ရမ္မက် တန်ခိုးနဲ့ အနားကပ်ဖို့ ကြိုးစားလိုက်ပါတယ်။

အဝါရောင် မိန်းမ ကလည်းနောက်ကို တစ်ချက် လှည့်ကြည့်ပြီးခြေလှမ်း ခပ်သွက်သွက်နဲ့ မပြေးရုံ တမယ် ထွက်သွားတယ်။ သူဦးတည်နေတာက ရွာဘက်ကို မဟုတ်၊ ရွာအပြင် လယ်ကွက်တွေကို သွားတဲ့ လမ်း အတိုင်းပေါ့ဗျာ။
ကိုစိန် ကတော့ အရက်တန်ခိုး၊ တဏှာတန်ခိုး၊ သူကြီးသား ဆိုတဲ့အရှိန်၊ လူမိုက် ဆိုတဲ့ ဂုဏ်နဲ့ ငါလုပ်ရင် ဘာမဆိုဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ အဲဒီ မိန်းမနောက်ကို အပြေး တပိုင်းလိုက်တော့ တာဗျို့။ သင်္ချိုင်း အကျော်ညောင်ကြပ် ပင်အောက်နားရောက်တော့ ကိုစိန် အဝါရောင် မိန်းမ ကို မီလု မီခင်ဖြစ် သွားပြီးနောက် ကနေ လက်ကိုလှမ်းဆွဲ လိုက်ပါတယ်။

ကိုစိန် လှမ်းဆွဲလိုက်ပေမယ့် မမီ ဘဲလေကိုသာ ဖမ်းမိသွားလို့ စိတ်တို သွားဟန် တူပါတယ်။''နင်တော့လား။ မိလို့ ကတော့ကွာ''လို့ နှုတ်ကနေတောင်ကြိမ်းဝါး လိုက်သေးတယ်။

ကိုစိန် ကြိမ်းဝါးအပြီး အဝါရောင် မိန်းမ ကခြေလှမ်း ကို တုန့်ကနဲ ရပ်လိုက်တယ်။ ကိုစိန် အားရ ဝမ်းသာဖြစ်ပြီးနောက် တစ်ခါ လက်ကို လှမ်းဆွဲလိုက်တယ်။

ကိုစိန် ရင်ထဲ ထိတ်ကနဲ လန့်သွားတယ်။ ဒီတစ်ခါ သူလှမ်းဆွဲတာ အဝါရောင် မိန်းမရဲ့ လက်ကို ဆွဲမိ ပါရဲ့ ။ရေခဲ တမျှအေးစက်တဲ့ အထိ အတွေ့ကြောင့် လန့်သွား တာပါ။ အဝါရောင် မိန်းမက လှည့်ကြည့်တယ်။

လှပသော မျက်နှာ၊ ဝိုင်းစက်တဲ့ မျက်ဝန်း၊ ထူထူ ထဲထဲနဲ့ နီနေတဲ့နှု တ်ခမ်း။ အဲဒါတွေမြင် ရတော့ ကိုစိန် တစ်ယောက် တံတွေးတောင် ဂလု ကနဲ မြိုချ လိုက်မိတယ် ။ရေခဲ တမျှအေးစက်နေတဲ့ အထိ အတွေ့ကြောင့် ထိတ်လန့်နေပေမယ့် လှပလွန်းတဲ့ မျက်နှာကြောင့် ကိုစိန် ဆွဲထားတဲ့ လက်ကို မလွှတ် စတမ်း ဆွဲထားလိုက်တယ်။

အဝါရောင် မိန်းမ ကရှေ့ကို ချာကနဲပြန် လှည့်ပြီး လယ်တောသွားတဲ့ လမ်း အတိုင်း ဆက်သွားတယ်။ ကိုစိန် ကလည်းကြောင်ပြီးငေးကြည့်နေ မိတယ်။ သူ့လက်ထဲက အဝါရောင် မိန်းမရဲ့ လက်ကို ပိုပြီး တင်းတင်း ဆုပ်ကိုင် ထားလိုက်တယ်။ ဒါပေမယ့် အဝါရောင် မိန်းမက သူနဲ့ ၁၀ပေခန့် အကွာရောက်နေချေပြီ ။''ဘုရား။ ဘုရား''တစ်သက်နဲ့ တစ်ကိုယ် မတ ဖူးသော ဘုရား တမိသွားတယ်။
ကိုစိန် သူ့လက်ကို သူသေချာကြည့်လိုက်တယ်။ သူ့လက်ထဲမှာ ဟို အဝါရောင် မိန်းမရဲ့ လက်တစ်ဖက် ကရှိနေဆဲ။ ပုံစံက သားရေကြိုး များလို, လိုသလောက် ဆွဲဆန့် ထားသလိုမျိုးဖြစ်နေတာ ကိုးဗျ။

အံ့သြ ထိတ်လန့်တဲ့ စိတ်က အရက်နဲ့ ရမ္မက် တန်ခိုးကြောင့် ဆူပွက်နေသောသွေးများ ကိုအေးခဲ သွားစေပြီး ဒူးနှစ်ဖက်က ညွှတ်ကွေးပြီး လဲကျသွားတယ်။ ဒူထောက် ကျသွားမှ ''ဟင်''ပါးစပ် ကနေယောင်ပြီး ကိုစိန်ရေ ရွတ် မိသွားတယ်။

အဝါရောင် မိန်းမ ရဲ့ခြေဖမိုး နဲ့ခြေချောင်းတွေက ခန္ဓာကိုယ် ရဲ့ အနောက်ဘက် မှာရောက်နေပြီးခြေ ဖနောင့် က အရှေ့ဘက် မှာရောက်နေတယ်။ ဒါဆိုခြေထောက်ပြောင်းပြန်ကြီး နဲ့ လမ်းလျှောက် လာတာပေါ့ လို့တွေးမိ သွားတာကိုး။

အဝါရောင် မိန်းမ က ကိုစိန် ရှိရာသို့ လှည့်ကြည့် လိုက်တယ်။ စောစောက ဝိုင်းစက် လှပလိုက်တာ လို့ ကိုစိန် ထင်ထားတဲ့ မျက်လုံးတွေဟာ မီးကျီခဲလို နီရဲနေပြီး ပါးစပ် ကနေ''ဟင်း..ဟင်း.. ဟင်း..ဟီး.. ဟီး.. ဟီး..''လို့ ရယ်သံပြုလိုက်တော့ ကိုစိန်လည်း လက်ထဲ မှာ မလွှတ် စတမ်း ဆုပ်ကိုင်ထားတဲ့ အဝါရောင် မိန်းမ ရဲ့လက်ကိုယောင် ယမ်းပြီး ငုံ့ကြည့် မိတယ်။

''အားးးး''ကိုစိန် တစ်ယောက် ငယ်သံ ပါအောင်အော်ဟစ်ပြီး သူကိုင်ထားတဲ့ လက်တစ်ဖက် ကိုလွှတ် ချ လိုက်တယ်။ ဟုတ်တယ်ဗျ၊ သူကိုင်ထားတာ လက်မဟုတ်ဘဲ အူတွေဖြစ်နေတာကိုး။

အဲဒီနေ့ ညက ကိုစိန် အိမ်ကိုဘယ်လိုပြန်ရောက်လာတယ် ဆိုတာ မမှတ်မိတော့ချေ။ ဘာဆို ဘာမှ အသိ စိတ် မရှိဘဲ အိမ်ပြန်ရောက် လာ၍ အိမ်သားတွေကြောက်လန့် တကြားဖြစ် ကုန်ကြ တာပေါ့။ ရွာထဲက ပယောဂ ကု ဆရာဦးတေ ကို အပြေးအလွား သွားပင့်ကြရတယ်။

ဦးတေရောက် လာပြီးဆေးများ တိုက်ပေး ကာမှ ကိုစိန် သက်သာသွားတော့တယ်။ ဦးတေက ကိုစိန့် အဖေ သူကြီး ဦးသိုး နဲ့ ငယ်သူငယ်ချင်း ဆိုတော့ ဦးသိုး ကို အသာလက်တို့ခေါ်ပြီး လူရှင်းရာရောက် မှ''ငသိုး။ မင်းသား ဘာဖြစ်လာတယ် ထင်တုန်း''ဟုမေးလိုက် ရာ''မသိဘူးလေ ငတေ။
ဘာဖြစ် လာတာတုန်း'' လို့ပြန်မေးလိုက် သဖြင့်ဦးတေမှ ''မင်းသားမောင်စိန် သုဿ န်စောင့် မဖဲဝါ နဲ့တွေ့ လာတာမောင်၊ မင်းသားက သူ့နယ်ထဲမှာ အပြောအဆို မှားပြီး သူ့ကို ပါစော်ကား လိုက်တယ် တဲ့ကွာ''လို့ပြောလိုက် တယ်။ ဦးသိုး မှ''ဟာ။ ဒါဆို ဘယ့်နှယ့် လုပ်ကြမတုန်း၊

ကယ်ပါဦး ငတေရယ်''ဟုပြော သဖြင့်ဦးတေ မှ''ငါတတ်နိုင် သလောက်တော့ လုပ်ပေးခဲ့မယ်။ ဒါပေမယ့် မနက်ဖြန် ကျရင်တော့ မင်း စိန် ကန့်လန့် က ဆရာဦးတောကို သာ ရအောင် ပင့်ပြီး ကုပေတော့။ ငါ ဒီလောက် ဘဲစွမ်း တယ်ကွာ'' ဟုပြန်ပြောလိုက်ရာ ဦးသိုး မှမျက်နှာ ပျက်ပြီးခေါင်းငြိမ့်ပြလိုက် ပါတယ်။

ဆရာ ဦးတေ မှဆေးတိုက် သွားလို့မောင်စိန် တစ်ယောက်နှ စ်ခြိုက်စွာ အိပ်မောကျသွားမှ သူကြီး ဦးသိုးလည်း အိပ်ရာ ဝင်တော့တယ်။ ညသန်းခေါင်ယံကျော် ချိန်မှာတော့ ရွာအပြင် ကတောကျီးကန်း များ တအာအာအော်ရင်း လန့်ပြိုလာတယ်။

ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဘဲ ရွာထဲ ကခွေးတွေ ကလည်း အူသံ ရှည်များနဲ့ အူကြပါတော့တယ် ။ခွေးအူသံ ရှည်ကြောင့် ကိုစိန့် ကို လူမမာစောင့်ပေးနေတဲ့ ညီဖြစ်သူမောင်ပိန် လန့်နိုးလာတယ်။

စိတ်ထဲက ရွာကို သူခိုး ဓါးမြ ကပ်သည် အထင်နဲ့ တံခါးကို အသာလေး ဟပြီးချောင်းကြည့် လိုက်ပါတယ်။ သူတို့ အိမ်ရှေ့ ရွာလယ် လမ်းဟာ လရောင်အောက်မှာ ထင်းနေပါတယ် ။မောင်ပိန် ဟိုဟို သည် သည်လျှောက် ကြည့် ရင်းမျက်လုံးက သူတို့ခြံစည်းရိုးထောင့်မှာ အင်္ကျိအဝါရောင်၊ ထမီ အဝါရောင် မိန်းမ သဏ္ဍာန် အရိပ်ကိုတွေ့လိုက် ရတာကြောင့်သေသေ ချာချာစောင့်ကြည့် လိုက်တယ်။ အရိပ်ရှင် ကခေါင်းပေါ်မှာ ဖျာလိပ်ကြီးနဲ့ ပါလား။ ကိုပိန် လန့်သွားတယ်။

သေသေချာချာ ထပ်ကြည့်တော့မှ အရိပ်ရှင်ခေါင်းပေါ်က ဟာက ဖျာလိပ် မဟုတ်ဘဲ လူသေထည့် တဲ့ခေါင်း တလားဖြစ်မှန်း သတိထားမိရာမှ ကိုပိန်ကြောက်သွားတယ်။
အရိပ်ရှင်ဟာ ကိုပိန်တို့ အိမ်ရှေ့ရောက်တော့ ။ခေါင်းပေါ်က ထမ်းထား တဲ့ခေါင်း တလားကြီးကို သူတို့ အိမ်ရှေ့က တလင်းပေါ်မှာ ဒုန်းကနဲ ပစ်ချပြီးပြန်လှည့်ထွက် သွားပါတယ်။ မနက် မိုးလင်းတော့ သူကြီး ဦးသိုး တစ်ယောက်ဒေါသတော်တော် ထွက်သွားတယ်။ ''ဘယ်ကောင်တွေ တုန်းကွ၊ ကျက်သရေကို ယုတ်တယ်'' လို့ပြောဆိုနေ ပါတယ်။

ပြီးတော့ အခေါင်းမှာ မီးသွေးနဲ့ရေးထားတာ က''မောင်စိန် ။အသက်(၂၆)နှစ်။ ''ဆိုတော့ သူကြီး ဦးသိုးဒေါသ က ထွက်ပြီပေါ့။ ဦးသိုး ဘာမှ ထပ်မပြောတော့ဘဲ အိမ် အပေါ်ထပ်မှာ အိပ်နေတဲ့ သားကြီးဖြစ်သူမောင်စိန့် အခြေအနေ ကိုကြည့်ဖို့ တက်လာပါတယ်။ ကိုစိန် ကတော့ ခပ်စန့်စန့်နဲ့ အိပ်ပျော်နေ တာပေါ့။

ကိုပိန် တက်လာပြီး အကိုဖြစ်သူ ကိုဆေးတိုက်ဖို့ နှိုးပါတော့တယ်။ ဒါပေမယ့် ကိုစိန် တစ်ယောက် မနိုးတော့ချေ။ တစ်ကိုယ်လုံးတောင့်တင်းနေပြီးသေဆုံး သွားခဲ့လေပြီ တကား။

Credit :မမြင်တွေ့နိုင်သောပရလောက
Loading...