Breaking News


ဘာလီကျွန်းသို့ ရောက်ရှိနေတဲ့ မိုးစက်ဝိုင် ရဲ့ တိုက်တွန်းစာ


Loading...
အလှမယ် မိုးစက်ဝိုင်ကတော့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် အင်ဒိုနီးရှား ဘာလီကျွန်းသို့ ရောက်ရှိနေ တယ်လို့ သိရပါတယ်။ ဘာလီကျွန်းကို ရောက်ရှိနေတဲ့ သူမက ဘာလီကျွန်းမှာ တွေ့လိုက်ရတဲ့ ကိစ္စတစ်ခုအတွက် သူမရဲ့  အကောင့်ပေါ်မှာ ယခုလို ရေးသားလိုက်ပါတယ်။

"မိုးစက်အခု အရှေ့တောင်အာရှရဲ့ နာမည် ကြီး အင်ဒိုနီးရှား ရဲ့ ဘာလီ ကျွန်းရောက်နေပါတယ်။ မိုးစက်မြန်မာလို အရှည်ကြီး ရေးရတာ အရမ်း ပျင်းပါတယ်။ ဒါပေမဲ့ ခရီး သွားတာဝါသနာပါသူ , မြန်မာပြည်ကို ချစ်မြတ်နိုး သူတဦး အနေနဲ့ ဒီတစ်ခုလေးပြောချင်လို့ အခုလိုရေးသားလိုက်ပါတယ်။ Bali မှာ ပင်လယ်ရေထဲမှာ အမိုက်ပေါင်းများစွာ မျောလာတာတွေ့ရပါတယ်။  အရမ်းလှတဲ့ ကမ်းခြေနဲ့ ပင်လယ် သဘာဝပတ်ဝန်းကျင် မညစ်ညမ်းအောင် လည်ပတ် သူတိုင်းမှာ ထိန်းသိမ်း ရမယ့်တာဝန် ရှိသလို ခရီးသွားတွေ ကို စည်းကမ်းရှိဖို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေမှာလည်းတာဝန် ရှိပါတယ်။  ပြောချင်တာက မိုးစက်တို့ ရဲ့ မြန်မာပြည် ကမ်းခြေနဲ့ ပင်လယ် ကို ဒီ လိုမဖြစ်ရအောင် ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့ အမျှ သတိထားစောင့်ရှောက် ကြဖို့ တိုက်တွန်း သတိပေးချင်ပါတယ်နော်" လို့ သူမက တိုက်တွန်းထားပါတယ်။


ဘာလီကျွန်းသို့ ရောက်ရှိနေတဲ့ သူမက သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးနဲ့ အပန်းဖြေနေတာကို တွေ့ရပါတယ်။
Photo : မိုးစက်ဝိုင် ဖေ့စ်ဘွတ်
Loading...