Breaking News


ရုပ်သံမှာ တိုက်ရိုက်လွှင့်နေတုန်း အင်္ကျီမတော်တဆ ကျွတ်သွားတဲ့ ဖိလစ်ပိုင် အဆိုတော်


Loading...



ဖိလစ်ပိုင် ပြည်တွင်း ရုပ်သံလိုင်းတစ်ခုက အစီအစဉ်မှာ တိုက်ရိုက်ဖျော်ဖြေနေတဲ့ ပေါ့အဆိုအတော်တစ်ဦးဟာ အစီအစဉ်လွှင့်နေတုန်း မတော်တဆ အင်္ကျီကျွတ်ပြီး ရင်သားတစ်ခြမ်းပေါ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

မတော်တဆ ဆိုပေမယ့် ကလေးငယ်တွေအတွက် ရည်ရွယ်တင်ဆက်တဲ့ အစီအစဉ်မှာ ဒီဖြစ်ရပ် ဖြစ်သွားတဲ့အတွက် နာမည်ကြီးလာခဲ့တာပါ။ မာရီယန်ရီဗေရာလို့ အမည်ရတဲ့ အမျိုးသမီးအဆိုတော်ဟာ သူ့ရဲ့အကအဖွဲ့နဲ့ ရုပ်သံမှာ ပါဝင်ဆက်ခဲ့တာဖြစ်ပါတယ်။

ခုံပေါက်သီဆိုပြီး ဖျော်ခြေခဲ့တာ ဖြစ်တဲ့အတွက် သူမရဲ့ အင်္ကျီအပေါ်ပိုင်းဟာ မတော်တဆက် ကျွတ်ကျသွားခဲ့တာလို့ ယူဆရပါတယ်။ ဒါပေမယ့် သူမက စက္ကန့်ပိုင်းအတွင်းမှာပဲ သတိထားမိပြီး လက်နဲ့ ကာကွယ်ကာ အင်္ကျီပြန်ဝတ်နိုင်ခဲ့ပါတယ်။ စပိန်သွေးနှောသူလည်းဖြစ်တဲ့ အဆိုပါအဆိုတော်ရဲ့ ဖြစ်ရပ်ဟာ Youtube မှာ ကြည့်ရှုသူ သန်းဂဏန်းအထိ ရှိလာခဲ့ပါပြီ။
Source : The Sun
duwun
Loading...