Breaking News


အောင်စိုးမိုးကျော် ရေယာဉ်မောင်းတဲ့သူ လာရောက်အဖမ်းခံ


Loading...


အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ရဲ့ ယာဉ်မာင်းဇော်မျိုးဝင်းက စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှာ ဒီနေ့(အောက်တိုဘာလ၂၈ရက်) မနက် ၁၀နာရီခွဲလောက်က လာရောက်အဖမ်းခံခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး ရဲအရာရှိတစ်ဦးက ဆဲဗင်းဒေးသတင်းစာကို ပြောခဲ့ပါတယ်။
"ရေယာဉ်မောင်းသူ ဒီနေ့နံနက် ၁၀နာရီခွဲအချိန်မှာ လာအဖမ်းခံတယ်။ ကနီမြို့နယ်မှာ အမှုဖွင့်ထားတာဖြစ်တဲ့အတွက် ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးထံ နံနက် ၁၁နာရီမှာ လွှဲပြောင်းပေးခဲ့တယ်"လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။
စစ်ကိုင်းဒေသကြီး ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာနားက ချင်တွင်းမြစ်ထဲမှာ အောက်တိုဘာလ ၁၅ ရက် မနက် ၅ နာရီက အောင်စိုးမိုးကျော်ရေယာဉ် တိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ်မှာ  ခရီးသည် ၁၅၉ ဦး ကယ်တင်နိုင်ခဲ့ပြီး ခရီးသည် ၇၃ ဦးသေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရရုံးရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရေယာဉ်မောင်း ဇော်မျိုးဝင်းကို ကနီမြို့နယ် မြို့မရဲစခန်းမှာ (ပ)၁၅၄/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၀/၃၀၄-က နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source & Photo : 7DayDaily
Loading...