Breaking News


အိုင် အက်စ်အဖွဲ့၏ ပစ်မှတ်စာရင်း တွင် ဒေါ်အောင်ဆန်းစုကြည် အ မည်ပါ


Loading...
 နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၏ နေပြည်တော် နေအိမ် နှင့်အနီးတစ်ဝိုက်ကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကစတင်ကာ လုံ ခြုံရေးတိုးမြှင့်ပြီဖြစ်သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ် ဇေယျာသိဒ္ဓိရပ်ကွက်ရှိ အစိုး ရ၀န်ကြီးအိမ်ရာ၌ တည်ရှိသော အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ခြံစည်းရိုးကို  သံဆူးကြိုးများ ကာရံခဲ့ကြောင်း နီးစပ်သူတစ်ဦး က ပြောသည်။
‘‘အန်တီဗြိတိန်ရောက်နေ တုန်းမှာ ဒီမှာသံဆူးကြိုးတွေ တပ် နေပါပြီ။ မောင်းတံဂိတ်ကတော့ ၂ ရက်လောက်ပဲရှိသေးတယ်’’ဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေ အိမ်တည်ရှိသော မြနန်းဘုံသာ လမ်းတွင် ယခင်က မည်သည့် စစ်ဆေးရေးဂိတ်မျှမရှိဘဲအများ သူငါ အလွယ်တကူ ၀င်ထွက် သွားလာနိုင်သောလမ်းဖြစ်သည်။  သို့သော် ဒီချုပ်အစိုးရခြောက်လ ပြည့်မှပင် လမ်းထိပ်၌ ယာဉ်အ ၀င်အထွက်စစ်ဆေးသည့် မောင်း တံဂိတ်နှင့်လုံခြုံရေးကင်းတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လုံခြုံရေးတင်းကျပ်လှ သော သမ္မတအိမ်တော်၊ လွှတ် တော်တို့အနီးတွင် တည်ရှိသော အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ် ၀န်းကျင်သည်အိမ်တော်လုံခြုံရေး များထက်သိသာစွာပင် လုံခြုံရေး လျော့နည်းသည်။
‘‘အမှန်တကယ်တော့ အန် တီ့အတွက် အိမ်တော်တစ်ဆောင် ဆောက်ပေးသင့်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စု အင်္ဂါ စဉ်တွင် သမ္မတ၏ နောက်နံပါတ် (၂) နေရာတွင် ရှိနေသည်။ သို့ သော် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိမ်တော်သီးသန့်မယူဘဲဝန်ကြီး အိမ်၌ပင် နေထိုင်နေခြင်းဖြစ် သည်။
သြဂုတ်အတွင်းက အိုင် အက်စ်အဖွဲ့၏ ပစ်မှတ်စာရင်း တွင် ဒေါ်အောင်ဆန်းစုကြည် အ မည်ပါခဲ့၍ ပြည်ထဲရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကို အထူးဂရုစိုက် လျက်ရှိသည်။
မြနန်းဘုံသာလမ်းသည် တစ်ဖက်ပိတ်လမ်းဖြစ်ကာ ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ် မျက်နှာချင်းဆိုင်တွင် မည်သည့် အိမ်မျှမရှိဘဲ လျှိုတစ်ခုရှိနေ သည်။ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဘ၀က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ နှင်းဆီစံအိမ် တွင် သုံးနှစ်ကျော်နေထိုင်ခဲ့သည်။
7daydaily
Loading...